Chapter 423

1.2K 136 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-7

(သူရဲကောင်းများ စုဝေးခြင်း)

"မိသားစုခေါင်းဆောင်ရှောင်… ဒီနေ့မှာ ထည်ဝါခမ်းနားတဲ့ သားမက်တစ်ယောက် ရွေးချယ်နိုင်ပါစေလို့ ဒီရှစ်က ဆုတောင်းပေးပါတယ်….." ရှစ်ဟောက်ရန်က လက်နှစ်ဖက်ဆုပ်၍ ဆုတောင်းစကား ပြောဆိုပေးလိုက်သည်။

ရှစ်ဟောက်ရန်က ကြယ်တာရာချောက်၏ တပည့်တစ်ယောက်အဖြစ် လာရောက်ခဲ့ပြီး  သူ၏အဆင့်အတန်း သက်သက်ဖြင့် လာရောက်ခြင်း မဟုတ်သော်လည်း သူ၏ မှော်ဆေးပညာရှင်ဘုရင် စွမ်းအားကို မည်သူကမှ လျစ်လျူရှုထားရဲခြင်း မရှိပေ။

ကြယ်တာရာချောက်ကို အသာထား၍ ရှစ်ဟောက်ရန်၏ ခွန်အားက မြို့တော်တစ်ခုလုံးရှိ မှော်ဆေးပညာရှင်ဘုရင်များ၌ ထိပ်ဆုံးငါးယောက်အတွင်းတွင် ရှိပေ၏။

ယန်ရှို့ကဲ့သို့သော ဝါရင့်မှော်ဆေးပညာရှင်ဘုရင် များစွာကပင် ရှစ်ဟောက်ရန်နှင့် မှော်ဆေးပညာအရာတွင် ယှဉ်ပြိုင်ရပါက အနိုင်ရမည်ဟု အာမခံချက် မပေးနိုင်ပေ။

ထို့ကြောင့် မြို့တော်၏ မှော်ဆေးပညာလောကတွင် ရှစ်ဟောက်ရန်၏ အဆင့်အတန်းက အမှန်တကယ်ပင် တသီးတခြားဖြစ်နေခဲ့သည်။

သူတစ်ယောက်တည်း လာရောက်သည်ကပင် ရှောင်မိသားစုကို မျက်နှာသာပေးခဲ့ခြင်း ဖြစ်ပေ၏။ ယခု သူ၏ ညီငယ်ခုနှစ်ဦးစလုံးကို ခေါ်ဆောင်၍ ဤနေရာသို့ လာရောက်ခဲ့ခြင်းကြောင့် ဤမြင်ကွင်းက မည်မျှအထိ မှင်တက်စရာကောင်းသည်ကို အထင်းသား တွေ့မြင်နိုင်သည်။

"ရှောင်မိသားစုက ဒီလိုမျိုး ကောင်းမွန်လွန်းတဲ့ ကံတရားရှိနေတာပဲ… မှော်ဆေးပညာရှင်ဘုရင်ရှစ်က ပုံမှန်အားဖြင့်တော့  လူအများကြားထဲမှာ ပေါ်လာလေ့ မရှိခဲ့ဘူး… ဒီနေ့… သူကတကယ်ပဲ ခြွင်းချက်တစ်ခု ပြုလုပ်ပြီး ဒီနေရာကို ရောက်လာခဲ့တယ်… ဒါကတကယ်ကိုပဲ တွေးနိုင်တဲ့ အတောအတွင်းကနေ ထွက်သွားခဲ့ပြီ….."

"ဟီးဟီး… မင်းတို့ကောင်တွေ ကြားပြီးကြပြီလား… ရှောင်ရူယန်နဲ့ မှော်ဆေးပညာရှင်ဘုရင်ရှစ်ရဲ့ အငယ်ဆုံးညီလေး ဂျိချင်အကြားက ဆက်သွယ်မှု နည်းနည်းနောနော မဟုတ်ဘူးတဲ့… ဒီတစ်ကြိမ်က မှော်ဆေးပညာရှင်ဘုရင်ရှစ်က သူ့ရဲ့ ညီလေးကို အဖော်လိုက်လုပ်ပေးတာပဲ ဖြစ်လိမ့်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now