Chapter 510

1.1K 145 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(39)

Chapter-11

(လူရှာခြင်း)

"မင်းဘာပြောချင်တာလဲဆိုတာကို ထုတ်ပြောလိုက်ပါ… ငါ့ကို ကြောက်စရာတစ်ခုလို မလုပ်စမ်းပါနဲ့….." ရန်ရှင်းချွန်းက မကျေမနပ်ပင် ပြောဆိုလိုက်သည်။

ရန်ယွီကျဲက သက်ပြင်းတစ်ချက်ချ၍ ပြောခဲ့၏။ "ဒီလောက်အထိ နှစ်တွေအများကြီး ကြာနေခဲ့ပြီ… သစ်သားက လှေဖြစ်လာခဲ့ပါပြီ… အဖေ… အဖေ့ရဲ့စိတ်ထဲမှာ ဒီကိစ္စကို လွှတ်မချနိုင်သေးဘူး… အဖေက ဒီလိုလုပ်နေမယ်ဆိုရင် ညီမလေးက အဖေ့ကို သူ့ဘဝ တစ်လျှောက်လုံး မုန်းတီးနေလိမ့်မယ်….."

ဘုန်းးး…..

ရန်ရှင်းချွန်းက လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ စံအိမ်အတွင်းမှ ကျောက်စားပွဲက ချက်ချင်းပင် အမှုန့်ဖြစ်သွားခဲ့၏။

"ဟုန်လင်က ထူးချွန်တဲ့အရည်အချင်းနဲ့ ငါ့ရဲ့ နေရာဆက်ခံသူ တစ်ယောက်ပဲ… ဒါပေမဲ့ သူမကို အဲဒီမုန်းစရာကောင်းတဲ့ကောင်က ခိုးယူသွားခဲ့တယ်… အခု… ဟုန်လင်က အဲဒီကောင်ကြောင့် ကျင့်ကြံခြင်းပျက်စီးသွားခဲ့ရပြီ… မင်းကငါ့ကို ဘယ်လိုလုပ်ပြီးတော့ ဒေါသမထွက်စေချင်တာလဲ….."

ရန်ရှင်းချွန်းက ရုတ်တရက်ပင် နောက်ထပ်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပုံရပြီး လေသံက တင်းမာခက်ထန်လာခဲ့သည်။

"အဖေ… အဲဒီဖြစ်ရပ်ပြီးသွားတာတောင် နှစ်တွေအများကြီး ကြာမြင့်သွားခဲ့ပြီ… ကျွန်တော်တို့ ရန်မိသားစုမှာ တုံအာလည်းရှိနေပြီ… ယောက်ဖက သူတို့ရဲ့အမှားကို ပြန်လည်တောင်းပန်ချင်လို့ ညီမလေးကို ပြန်ခေါ်လာခဲ့တယ်… ကျွန်တော်တို့မိသားစု ပြန်လည်ပေါင်းစည်းဖို့ ကောင်းမွန်နေပြီ မဟုတ်ဘူးလား… ဘာလို့ အဲဒါက သေခြင်းရှင်ခြင်း အရေးကြီးကိစ္စ ဖြစ်နေရတာလဲ….." ရန်ယွီကျဲက ဂရုတစိုက်ပင် ပြောဆိုလိုက်၏။

ရန်ယွီကျဲက သက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း ရန်ရှင်းချွန်း၏ ရှေ့တွင် စကားကို ကျယ်လောင်စွာ မပြောရဲခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now