Chapter 534

1.1K 125 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-7

(ယီဟန်၏ သေရေးရှင်ရေး အခြေအနေ)

ယီယွမ်၏ နားလည်မှုအရ လူလင်ဖုန်းက နတ်ဘုရားနယ်မြေ၏ ပုဂ္ဂိုလ်များတွင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

အကယ်၍ သူက သတ္တမအလွှာသို့သာ ရောက်ရှိနိုင်ခဲ့လျှင် နောက်ထပ်နှစ်လွှာကို တက်ရောက်နိူင်သောသူ မရှိနိုင်တော့သလောက်ပင် ဖြစ်၏။

ယီယွမ်က သူ့ကိုယ်သူ လွန်လွန်ကဲကဲ  နှိမ့်ချပြောဆိုခြင်း မဟုတ်ပေ။ သူ၏ နားလည်သဘောပေါက်မှု စွမ်းရည်များက အမှန်တကယ်မြင့်မားကြောင်းကို သိရှိပေသည်။ သို့သော် မည်မျှအထိ မြင့်မားသည်ကို သူကလည်း တိတိကျကျ မသိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက သိုင်းပညာလမ်း၏ ထိပ်တန်းအဆင့်သို့ မလျှောက်လှမ်းခဲ့ဖူး၍ဖြစ်၏။

သို့သော် သူက လူလင်ဖုန်းထက် ပို၍အစွမ်းထက်နေခဲ့လျှင်ပင် အများကြီးပိုအစွမ်းထက်မည် မဟုတ်ကြောင်း ယီယွမ်က သိရှိပေသည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားနယ်မြေ၌ အထွတ်အထိပ်အဆင့်တွင် ရပ်တည်နေနိုင်သော လူတစ်ယောက်၏ နားလည်မှုစွမ်းရည်များက မည်မျှပင် နိမ့်ကျနေစေကာမူ ဆိုးရွားမည်မဟုတ်ပေ။

အမှန်တကယ်တွင် လူလင်ဖုန်း၏ ကျင့်စဉ်အဆင့်ဖြင့် နားလည်သဘောပေါက်မှု စွမ်းရည်က နိမ့်ကျမည်မဟုတ်ပေ။ ကမ္မကုသိုလ်ကံ၊ နားလည်သဘောပေါက်မှုစွမ်းရည်၊ ပါရမီ၊ အလုပ်ကြိုးစားမှု စသည်တို့တွင် မည်သည့်အရာကိုမှ မရှိဘဲနေမည်မဟုတ်ပေ။

သို့သော် ချီဟိုင်၏အဖြေက ယီယွမ်မျှော်လင့်ထားသည်ထက် ပိုလွန်သွားခဲ့၏။

ချီဟိုင်က သူ၏ခေါင်းကိုခါယမ်း၍ ပြောလိုက်သည်။ "အဲဒီလိုမဟုတ်ဘူး… အဋ္ဌမအလွှာကို အရင်က တစ်ယောက်ရောက်ဖူးတယ်….."

ယီယွမ်က ထိုစကားကိုကြားသော် အကြီးအကျယ် ထိတ်လန့်သွားခဲ့ပြီး မေးမြန်းလိုက်၏။ "ဘယ်သူလဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now