Chapter 426

1.1K 148 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-10

(မည်သူကမှ စင်ပေါ်သို့  တက်လာရဲခြင်းမရှိခဲ့ကြပေ)

ကျောက်ချန်ကန်း၏ မျက်နှာက ထမင်းအိုးအောက်ခြေကဲ့သို့ နက်မှောင်သွားခဲ့၏။ သို့သော် သူကရွေးချယ်စရာမရှိခဲ့ဘဲ
ရှန့်ကွမ်လင်ရှဲ့ပြောသော စကားများက လုံးဝပင်မှန်ကန်နေကြောင်း လက်ခံလိုက်ရပေသည်။

သူနှင့်နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ယီယွမ်၏ ကျင့်စဉ်အဆင့် နိမ့်ကျသည်မှလွဲ၍ ယီယွမ်ထံ၌ လက်ညိုးထိုးပြစရာ အားနည်းချက် လုံးဝမရှိသည်အထိ အစွမ်းထက်လှ၏။

ယီယွမ်နှင့် သူ၏ ကျင့်စဉ်အဆင့်ကသာ တူညီနေခဲ့မည်ဆိုလျှင် သူတို့နှစ်ယောက် တိုက်ခိုက်ကြမည်ဆိုပါက ရလဒ်မှာ မည်သို့ဖြစ်လာမည်ကို ကျောက်ချန်ကန်းက စဉ်းစားရဲခြင်းပင် မရှိခဲ့ပေ။

အကယ်၍ သူကသာ ယီယွမ်ကို ဤအတိုင်း ဆက်လက်ကြီးထွားခွင့် ပေးလိုက်မည်ဆိုလျှင် ထိုနေ့က မကြာမီအချိန်အတွင်း ရောက်ရှိလာပေလိမ့်မည်။

ကျောက်ချန်ကန်းက စတင်တွေးတောနေခဲ့ပြီး စင်ပေါ်ရှိ ယီယွမ်ဆီသို့ အလိုအလျောက်ပင် အကြည့်ရောက်သွားခဲ့သည်။

. . . . . .

"ဘယ်သူရှိသေးလဲ….." ယီယွမ်က တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေး ပြောဆိုလိုက်၏။

ဝမ့်ကျဲကို တိုက်ခိုက်ခဲ့သော ယီယွမ်၏ တိုက်ကွက်က လူအများအပြားကို ဖိနှိပ်သွားနိုင်ခဲ့ပြီဖြစ်သည်။ အနည်းဆုံးအနေဖြင့် စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သိုင်းပညာရှင်များက စင်ပေါ်သို့ အလွယ်တကူ တက်ရောက်လာရဲခြင်း မရှိတော့ပေ။

လှုပ်ရှားခြင်းပင် မပြုဘဲ အဆင့်(9) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သိုင်းပညာရှင် ဖြစ်သည့် ဝမ့်ကျဲကို ချက်ချင်းအနိုင်ယူခဲ့၏။ ထိုနေရာသို့ သွားရောက်ခြင်းက အရိုက်ခံရန် သွားရောက်ခြင်းပင် မဟုတ်ပေလော။

"ငါသွားမယ်….."

ထိုအခိုက်အတန့်တွင် ကြံ့ခိုင်တောင့်တင်းသော လူသန်ကြီးတစ်ယာက်က စင်ပေါ်သို့ တက်ရောက်လာသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now