Chapter 493

1.2K 123 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-8

(စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်နှင့် ရင်ဆိုင်ခြင်း)

သိုင်ယွီဟန်က ပထမဆုံး လှုပ်ရှားလိုက်ပေ၏။ သို့သော် သူ့အတွက် လူ့အသက်ကယ်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

"ကိုယ်ပွားခန္ဓာကိုယ်….."

ရှေ့တစ်ယောက် နောက်တစ်ယောက် စုစုပေါင်း ယီယွမ်နှစ်ယောက်ကို မြင်လိုက်ရသော် သိုင်ယွီဟန်၏ မျက်နှာအမူအရာက တည်ကြည်လေးနက်လာခဲ့၏။

ကြည့်ရသည်မှာ ယီယွမ်ကို ရင်ဆိုင်ရာတွင် သူမျှော်မှန်းထားသည်ထက် ပို၍ခက်ခဲမည့်ပုံ ရပေသည်။

ကျင်းဖုန်း၏ သေခြင်းရှင်ခြင်းကိုမူ သိုင်ယွီဟန်က အလွန်အမင်း စိုးရိမ်ခြင်းမရှိခဲ့ပေ။

ကျင်းဖုန်းက သူ၏နောက်ဆုံး သတိတရားကို အသုံးပြု၍ သူ၏ခေါင်းကို ငုံ့ပြီး ရင်ဘတ်ကို ကြည့်လိုက်ကာ သူ၏မျက်လုံးများက မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့၏။

နောက်ဆုံးတွင် သူ၏အသိတရား လုံးဝပျောက်ကွယ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ကလည်း မြေပြင်ပေါ်သို့ အသက်မဲ့စွာဖြင့် လဲကျသွားပေသည်။

"ကြည့်ရတာ ငါက မင်းကို လျှော့တွက်ခဲ့မိတာပဲ….." သိုင်ယွီဟန်က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်၏။

ကိုယ်ပွားခန္ဓာကိုယ်က သူ့ကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်စွမ်း
မရှိခဲ့သော်လည်း ကျင်းဖုန်းအတွက်မူ ထိုအရာက သေစေနိုင်ခဲ့သည်။

ယီယွမ်၏ စွမ်းရည်များက မကုန်မဆုံးနိုင်အောင် ရှိနေခဲ့၏။ ထိုအရာကို ခုခံကာကွယ်တားဆီးနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

သိုင်ယွီဟန်က အကန့်အသတ်မဲ့သော နည်းလမ်းများ ရှိနေခဲ့သည့် သူ၏မျက်စိရှေ့မှ လူငယ်လေးကို သေချာစိုက်ကြည့်ချင်စိတ်အား ထိန်းမရခဲ့ပေ။

ဒါက ငါနဲ့တိုက်ခိုက်ဖို့ ယီယွမ်မှာ အဆင့်မီနေပြီလို့ ဆိုလိုနေတာ မဟုတ်ဘူးလား…..

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now