Chapter 487

1.2K 131 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-2

(အတုံး၁၀၀ဆိုတော့ အတုံး၁၀၀ပေါ့လေ)

နယ်မြေလမ်းကြောင်းက ချိတ်ဆက်ခြင်းမရှိသေးသော်လည်း အဆုံးမဲ့ကမ္ဘာကြီးသို့ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးမှ အဆင့်နိမ့်သိုင်းပညာရှင် အရေအတွက်များစွာ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ခရမ်းနုရောင်စံအိမ်အဖွဲ့က ထိုအဆင့်နိမ့်သိုင်းပညာရှင်များကို အသုံးပြု၍ တောင်ပိုင်းကုန်းမြေရှိ နိုင်ငံငယ်လေးအားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့၏။

ငြိမ်သက်တိမ်တိုက်အဖွဲ့တပည့်များက အသေးစား တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်မှ တစ်ဆင့် ငြိမ်သက်တိမ်တိုက်အဖွဲ့မှ လွတ်မြောက်လာခဲ့ပြီးနောက် ယီယွမ်၏ စီမံမှုများအောက်တွင် သူတို့က အုပ်စုပေါင်းများစွာအဖြစ် စုပေါင်းလိုက်ကြသည်။ သူတို့ကိုယ်သူတို့ အနိမ့်ဆုံးအဆင့် သာမန်သိုင်းပညာရှင်များ အဖြစ် ဟန်ဆောင်ဖုံးကွယ်ပြီး နယ်စပ်မြို့အချို့သို့ ဖြန့်ကျက်သွားရောက်ခဲ့၏။

ယီယွမ်တို့အုပ်စုက နောက်ဆုံးအဖွဲ့ဖြစ်သည်။

တောင်ပိုင်းကုန်းမြေနှင့် မြောက်ပိုင်းကုန်းမြေကို ချိတ်ဆက်ထားသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များက အများအားဖြင့် ဤနယ်စပ်မြို့များတွင် တည်ဆောက်ထားခဲ့ကြ၏။

အမှန်တကယ်တွင် ယခုအချိန်၌  တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို ခရမ်းနုရောင်စံအိမ်အဖွဲ့က ထိန်းချုပ်ထားခဲ့မည်မှာ တွေးနေစရာပင် မလိုအပ်ပေ။

ငြိမ်သက်တိမ်တိုက်အဖွဲ့ ကာကွယ်ခုခံနိုင်သည်မှာ သူတို့၏အဖွဲ့ကိုသာ ဖြစ်သည်။ သာမန်လူသားတိုင်းပြည်များကိုမူ သူတို့က ကာကွယ်ပေးရန် အစွမ်းမရှိပေ။

နယ်မြေလမ်းကြောင်း ချိတ်ဆက်ပြီးနောက် အဆင့်နိမ့်သိုင်းပညာရှင် အရေအတွက်များစွာက ဝင်ရောက်လာခဲ့ကြ၏။ ဤသို့သော ဗျူဟာကျကျအချက်တစ်ခုကို ခရမ်းနုရောင်စံအိမ်အဖွဲ့က လက်လွတ်ခံရန် မဖြစ်နိုင်ပေ။ အရေးမပါသောနယ်မြေတစ်ခု ဖြစ်သည့် မိုးသောက်မြို့ကပင် ခြွင်းချက်မဟုတ်ခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now