Chapter 523

1.1K 139 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(40)

Chapter-10

(အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာ)

"ဟားဟား… အဲဒါက ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ… လာလာ… ငါ့နေရာကိုသွားပြီးတော့ စကားပြောကြရအောင်… အစ်ကိုကြီးမှ အဆင့်အမြင့်ဆုံး အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာ ရှိတယ်… ဒီနေ့တော့ ငါတို့ညီအစ်ကိုတွေ မသောက်ဘဲ မပြန်ရဘူး….."

ဝူရွှမ်က ယီယွမ်ကို လက်မောင်းချင်းချိတ်၍ ပျော်ရွှင်စွာပြောဆိုလိုက်သော် အသက်အရွယ် အလွန်ကွာခြားသော်လည်း မိတ်ဆွေကောင်းများ ဖြစ်လာသည်နှင့် တူညီနေခဲ့၏။

ယီယွမ်က ရွေးချယ်စရာမရှိခဲ့ဘဲ ကောင်းကင်မေပယ်ကို နှုတ်ဆက်စကားပြော၍ ဝူရွှမ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

မှော်ဆေးပညာရှင်ဧကရာဇ် တစ်ယောက်ဖြစ်၍ ဝူရွှမ်၏ စံအိမ်က အလွန်တန်ဖိုးကြီးမားပေ၏။

ဝူရွှမ်က ယီယွမ်ကို သေးငယ်သော စိမ်ခံအိမ်တစ်လုံးအတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး သေးငယ်သော ဝိုင်ပုလင်း နှစ်လုံးကို ထုတ်ယူလိုက်သည်။ သူက ပြောဆိုခဲ့၏။ "ဒီအင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာက ဝိုင်တွေထဲမှာ အဆင့်အမြင့်ဆုံးပဲ… ဒီမြို့မှာ အဖိုးကြီး ဖူယွင်ကျင်းပဲ ကျိုချက်နိုင်တယ်… ငါက သူ့ကို အကန့်အသတ်မရှိအောင် နှိမ့်ချနေခဲ့တာတောင် သူ့ဆီကနေ ခြောက်ပုလင်းပဲ ရရှိခဲ့တယ်… ဒီနေ့ ညီငယ်လေးကို ဧည့်ခံဖို့အတွက် မဟုတ်ဘူးဆိုရင် အစ်ကိုကြီးက ဒါတွေကို သောက်ရဲမှာတောင် မဟုတ်ဘူး….."

ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။ "အစ်ကိုကြီးက ဒီလိုမျိုး ဧည့်ခံတာ ယီယွမ်ကို အရှက်ရစေတာ မဟုတ်ဘူးလား….."

"ဟေး… ဘာလို့ ရှက်ရမှာလဲကွ… ညီငယ်လေးနဲ့ မိတ်ဆွေဖြစ်ရတာကို ငါကပိုပြီးတော့ ပျော်တယ်လေ… လာ… လာ… လာ… မြန်မြန်အရသာစမ်းသပ်ရအောင်….."

ထိုသို့ပြောရင်း ဝူရွှမ်က ယီယွမ်အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးရန် ပြင်ဆင်ခဲ့၏။ ယီယွမ်က အံ့အားသင့်သွားခဲ့ပြီး ပြောဆိုလိုက်သည်။ "အာ… ဒီအတိုင်း သောက်မလို့လား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now