Chapter 454

1.1K 141 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(35)

Chapter-10

(ကျွန်တော့်ကို လုပ်ခွင့်ပေးပါ)

ယီယွမ်၏ စကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်းက ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့ကြသည်။

ကောင်းကင်နဲ့မြေကြီးက သဘာဝစွမ်းအင်တွေကို ယီယွမ်က နားလည်သဘောပေါက်နေတာ ဒီလိုအဆင့်တစ်ခုကို ရောက်နေခဲ့ပြီလား…..

မိန်ကျန်းကိုယ်တိုင်ပင် တောင်ထိပ်ပေါ်မှ ထွက်လာသည့် သဘာဝစွမ်းအင် အတက်အကျများကို အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် သူတို့က အံ့အားသင့်နေရန်ပင် အချိန်မရှိခဲ့တော့ပေ။ ထိုသို့သော အခွင့်အရေးရသည့် အခြေအနေတစ်ခုတွင် သူတို့က ပြန်ရောက်လာခဲ့၍ ပုံမှန်အားဖြင့် တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ပြီး အဖွဲ့ကို ကာကွယ်ကြပေမည်။

"သွားမယ်… အဲဒီလူရမ်းကားတွေကို သတ်ပြီးတော့ သေသွားတဲ့တပည့်တွေ အတွက် လက်စားချေလိုက်ကြရအောင်….." မိန်ကျန်းက သူ၏ဓားရှည်ကို ဝှေ့ယမ်း၍ ကြုံးဝါးလိုက်၏။

"ငါတို့ရဲ့ ငြိမ်သက်တိမ်တိုက်အဖွဲ့က နှစ်ထောင်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ အမွေအနှစ်တွေကို ဘယ်လိုလုပ်ပြီး ကြိုက်သလို ဖျက်ဆီးလို့ ရနိုင်မလဲ… ငါတို့အဖွဲ့ကို ကျူးကျော်တဲ့ ဘယ်သူကိုမဆို အညှာအတာမရှိ သတ်ပစ်လိုက်တော့….." ထျန်းယွီက ကျယ်လောင်စွာ ကြုံးဝါးခဲ့သည်။

ယီယွမ်က စကားမပြောတော့ဘဲ သူ၏စီနီယာအုပ်စုနောက်သို့ တိတ်တဆိတ် လိုက်ပါသွားပြီး တောင်ပေါ်သို့ တက်သွားခဲ့ပေ၏။

"ယွဲ့မိန်းကလေး… ဒီကိစ္စကို ကျွန်တော့်စီနီယာတွေနဲ့ ကျွန်တော်ကိုယ်တိုင် ဖြေရှင်းဖို့ ထားလိုက်ပါ… အနာဂတ်မှာ အခြားရွေးချယ်စရာ မရှိတော့တာက လွဲပြီးတော့ မိန်းကလေးက စိတ်ဝိညာဉ်ခွန်အားကို လုံးဝထုတ်မသုံးပါနဲ့… တကယ်လို့ ဒီလိုမျိုး ဆက်ဖြစ်နေမယ်ဆိုရင် မသေမျိုးတွေက မိန်းကလေးကို  ကယ်ဆယ်ပေးဖို့တောင် ခက်ခဲသွားလိမ့်မယ်….." ယီယွမ်က လျှို့ဝှက်ပြောဆိုခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now