Chapter 550

1.1K 119 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-9

(တောင်းဆိုမှုကို လက်မခံခြင်း)

"ပြောင်းသွားတယ်… ပြောင်းသွားတယ်… အဲဒါက တကယ်ပြောင်းသွားတယ်….."

"အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာမှာ ခုနှစ်စင်ကြယ်မြက်ပင် တကယ်ပါဝင်တယ်….."

"ဖူယွင်ကျင်းက တော်တော်လွန်တာပဲ… ဝူရွှမ်ကို ဒီလိုမျိုး လုပ်ကြံပြောဆိုတာပေါ့… ဒီလူက တကယ်ကို အရှက်မရှိတာပဲ….."

. . . . . .

အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာ တစ်ခွက်အတွင်းသို့ အဖြူရောင်အမှုန့် အနည်းငယ်ကို ထည့်သွင်းလိုက်သောအခါ မူလက ကြည်လင်နေသော အရောင်မှာ အလွန်မြန်ဆန်စွာဖြင့် ခရမ်းဖျော့ရောင် ပြောင်းလဲသွားခဲ့သည်။

ဤသို့ဖြင့် ပထမဆုံး ပြဿနာလာရှာသူက သိသာထင်ရှားသွားခဲ့ပြီဖြစ်၏။

လူအများအပြားက ချက်ချင်းပင် စိတ်ရှင်းသွားခဲ့ကြပြီး ဖူယွင်ကျင်း၏ အရှက်မရှိမှုကို ကျိန်ဆဲနေခဲ့ကြသည်။

ဤအဖိုးကြီးက သူဖော်စပ်သော အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာထက် ပိုမိုကောင်းမွန်သော အရာကို ဝူရွှမ်က ကျိုချက်နိုင်ခဲ့ခြင်းအား မနာလိုနေခြင်းမှာ သိသာလှပေ၏။ ထိုအရာကြောင့်ပင် သူက ဝူရွှမ်ကို မတရား စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ဘာဖော်စပ်နည်းကို အဆင့်မြှင့်ထားတာလဲ… သောက်ရေးမပါတာတွေ…..

"မင်းက ဒီနေရာမှာ ဘာဆက်လုပ်နေတာလဲ… ဒီအဖိုးကြီးက မင်းကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးဖို့ စောင့်နေတာလား… ထွက်သွားစမ်း….." ချီဟိုင်က အေးစက်စွာ ပြောဆိုလိုက်၏။

ယနေ့က ယီယွမ်၏မိဘများအတွက် ပျော်ရွှင်စရာ နေ့တစ်နေ့ မဟုတ်ခဲ့လျှင် ချီဟိုင်က အရေးယူခဲ့မည်သာ ဖြစ်သည်။

ဤငနဲက စောစောလေး၌ သူ့ကို အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားအောင် တွန်းအားပေးခဲ့၏။ ထိုအခြေအနေကို မည်သို့ဖြေရှင်းရမည်ဟူ၍ ယီယွမ်ကသာ လျှို့ဝှက်၍ ပြောမပြခဲ့လျှင် သူက ယနေ့ သေချာပေါက် မျက်နှာပျက်ရပေမည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now