Chapter 484

1.1K 148 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(37)

Chapter-13

(မျှော်လင့်မထားသော ဖိတ်ခေါ်မှု)

"ချင်ယန်းက တကယ်ပဲ မင်းကြောင့် ဒဏ်ရာရသွားခဲ့တာလား….." ကောထောင်ချွင်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

ယီယွမ်က မျက်မှောင်ကုတ်သွားခဲ့ပြီး သူကပြောဆိုခဲ့၏။ "ဟုတ်ရင်ကော ဘာဖြစ်လဲ… မဟုတ်ရင်ကော ဘာဖြစ်လဲ….."

"အဟွတ်… အဟွတ်… ဒါက… တကယ်လို့ ဟုတ်တယ်ဆိုရင် ငါပြောချင်တာက… တကယ်ကောင်းလွန်းပါတယ်….." ကောထောင်ချွင်က သူ၏လေသံကို ပြောင်း၍ ပြောလိုက်သည်။

ယီယွမ်ကိုယ်တိုင်ပင် ထိုစကားကိုကြားသော် အံ့အားသင့်သွားခဲ့ပေ၏။

ချင်ယန်းက ထိုစကားများကိုကြားသော် အလွန်ဒေါသထွက်သွားခဲ့ပြီး သူ၏ လည်ချောင်းမှ ချိုမြမှုကို ခံစားလိုက်ရသည်။ သူ၏ ဒဏ်ရာများက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့၏။

သူက ကောထောင်ချွင်ကို ကြည့်၍ အသက်ရှင်ရက် ဝါးစားချင်စိတ် ပေါ်ပေါက်နေခဲ့သည်။

"ဒီချင်ယန်းကို ငါက မကျေနပ်နေတာ တော်တော်လေးကြာပြီ… ဝမ်းနည်းစရာကောင်းတာက ငါဘယ်လိုမှ အခွင့်အရေးရှာမရခဲ့ဘူး… အခု… ညီငယ်လေးက ငါ့ရဲ့စိတ်ကူးကို ကိုယ်စားဖြည့်ဆည်းပေးခဲ့တယ်… အဲဒါက ငါ့ကို ပိုပြီး ဖော်ရွေလိုက်သလို ခံစားရတယ်….." ကောထောင်ချွင်က ကျယ်လောင်စွာ ပြောဆိုခဲ့၏။ လူတိုင်းက မှင်တက်သွားခဲ့ကြသည်။

ထိုသို့ပြောရင်း ကောထောင်ချွင်က ယီယွမ်၏ ပခုံးပေါ်သို့ သူ၏လက် တင်လိုက်၏။ ထိုအပြုအမူက နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့သော ညီအစ်ကိုသူငယ်ချင်းများကဲ့သို့ အပြုအမူမျိုးနှင့် တူညီပေသည်။

ယီယွမ်က စစချင်း၌ အလွန်သတိကြီးသွားခဲ့၏။ သို့သော် နောက်ပိုင်းတွင် ဤကောထောင်ချွင်က သူ့အပေါ်၌ မကောင်းသောရည်ရွယ်ချက် လုံးဝမရှိကြောင်း တွေ့လိုက်ရ၍ သူ့ကို ပခုံးဖက်သည့်အပြုအမူအား လက်ခံလိုက်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Donde viven las historias. Descúbrelo ahora