Chapter 579

1K 130 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(44)

Chapter-10

(သမိုင်းတစ်ခုဖန်တီးခြင်း)

ဒီယီယွမ်က အင်အားကြီးမားတဲ့ရန်သူတွေနဲ့ ကြုံတွေ့လာတဲ့အချိန်မှာ ပိုပြီးသန်မာလာတဲ့ လူတစ်ယောက်ပဲ…..

သူ၏ညီအစ်ကိုများ ခွန်အားကို ခွိုက်လျန့်က ကောင်းစွာသိရှိပေသည်။

သို့သော် ထိုသို့ဆိုသည့်တိုင် သူတို့ကို ယီယွမ်က လွှမ်းမိုးအနိုင်ယူခဲ့၏။

စောစောလေးက လက်သီးနှစ်ချက်ကြောင့် သူကိုယ်တိုင်ပင် အကြောက်တရားကို ခံစားလိုက်ရသည်။

အလွန်အင်အားကြီးမားလှပေ၏။

ဒီကောင်လေးက တကယ်ကိုပဲ အကန့်အသတ်မရှိဘူးလား…..

သူတို့အုပ်စုရှိ လူအားလုံးက အဆင့်(4) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်များ ဖြစ်ကြသည်။

ဒါက ဘယ်လိုအခြေအနေမျိုးလဲ…..

ဤအရာမှတစ်ဆင့် အဆင့်(4) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်များဖြစ်သော သူတို့က အဖွဲ့တစ်ခု စုစည်းထားခဲ့သော်လည်း ယီယွမ်ကဲ့သို့ အဆင့်(5) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကိုပင် အနိုင်မယူနိုင်ခဲ့ပေ။

ထို့ပြင် သူတို့က အဆင့်(4) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ်ကို ရောက်ရှိချိန်၌ ယခုလက်ရှိ ဓာတ်အသိ နားလည်သဘောပေါက်မှုမျိုး မရှိခဲ့ကြသေးပေ။

ယီယွမ်က ဤလက်သီးနှစ်ချက်ကို အသုံးပြု၍ အစွမ်းထက်သည်ဆိုခြင်းမှာ မည်သည့်အရာဖြစ်ကြောင်း ပြီးပြည့်စုံစွာ ပြသခဲ့ခြင်းဖြစ်၏။

ခွိုက်လျန့်က ယီယွမ်ကိုကြည့်၍ အားရပါးရ ရယ်မောလိုက်သည်။ "ဟားဟားဟား… နှစ်ပေါင်းဘယ်လောက်အထိ ကြာမြင့်သွားခဲ့ပြီလဲ… ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားက နောက်ဆုံးမှာတော့ စိတ်ဝင်စားစရာ လူငယ်လေးတစ်ယောက်ကို ကြိုဆိုလိုက်နိုင်ပြီ… ယီယွမ်… မင်းက ထူးချွန်ပါတယ်… ဒီကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား အမွေအနှစ်မှာ နောက်ဆုံးအလွှာသုံးခုက အရေးအကြီးဆုံးပဲ… မင်းက အကောင်းဆုံးကြိုးစားရမယ်နော်… ငါ့ကိုစိတ်ပျက်အောင် မလုပ်နဲ့….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now