Chapter 459

1.2K 154 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-1

(မဟာဝင်္ကပါကို ပြင်ဆင်ခြင်း)

နောက်ရက်အနည်းငယ်တွင် ယီယွမ်က အလွန့်အလွန် အလုပ်ရှုပ်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ပထမဆုံးအနေဖြင့် သူက အဆင့်အမြင့်ဆုံးအဆင့် စွမ်းအင်ပြည့်ဖြိုးဆေးလုံးများ ဖော်စပ်ပြီး သူဆုံးရှုံးသွားခဲ့သော သွေးစွမ်းအင်ကို အပြည့်အဝ ပြန်လည်ဖြည့်တင်းလိုက်၏။

အဖွဲ့ကြီးရှစ်ဖွဲ့တွင် တစ်ဖွဲ့အပါအဝင်ဖြစ်၍ ငြိမ်သက်တိမ်တိုက်အဖွဲ့က တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့သည့်တိုင် သူတို့တွင် အဆင့်(3) စိတ်ဝိညာဉ်ဆေးပစ္စည်းများ အမြောက်အမြား ရှိနေခဲ့ပေသည်။ ထိုအရာများက ယီယွမ်ဖော်စပ်ရန်အတွက် လုံလောက်ပေ၏။

ယီယွမ်က ဆေးလုံးများဖော်စပ်နေချိန်၌ ရှောင်ရူယန်က ဘေးမှနေ၍ အကူတစ်ယောက်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သူမက ယီယွမ်၏ ဆေးဖော်စပ်မှု တစ်ခုလုံးကို သူမ၏ မျက်လုံးထဲတွင် စွဲထင်နေအောင် လေ့လာခဲ့၏။

ဆေးဖော်စပ်ခြင်းအခန်းမှ ထွက်လာချိန်တွင် ရှောင်ရူယန်၏ ခန္ဓာကိုယ်တစ်ခုလုံးက မိန်းမောနေသည့် အခြေအနေတစ်ခုတွင် ရှိနေခဲ့သည်။

ယီယွမ်၏ ဆေးဖော်စပ်မှုကို အနီးကပ်လေ့လာခဲ့ပြီးနောက် သူမအသိအမှတ်ပြု တင်မြှောက်ထားခဲ့သည့် ဆရာက မည်မျှ အစွမ်းထက်ကြောင်းကို နောက်ဆုံးတွင် သိရှိသွားခဲ့ပြီဖြစ်၏။

ယီယွမ်က အဆင့်(3) ဆေးလုံးများကို ဖော်စပ်ခဲ့သည်မှာ ထင်ရှားလှသော်လည်း ယီယွမ်၏ ဆေးဖော်စပ်မှုပညာရပ်ကို ရှောင်ရူယန်က အမှန်တကယ်ပင် နားလည်နိုင်ခြင်း မရှိခဲ့ပေ။

ရှောင်ရူယန်၏ အဆင့်အတန်းက နိမ့်ကျမှုမရှိပေ။ သို့သော် ထိုအရာကြောင့်ပင် ယီယွမ်၏ အဆင့်အတန်းက မည်မျှအထိ မြင့်မားသည်ကို သူမက ပို၍ နက်ရှိုင်းစွာ နားလည်လာခဲ့ခြင်း ဖြစ်သည်။

မိုးမခပင်တစ်ပင်ကို
ရည်ရွယ်ချက်မရှိ စိုက်ပျိုးလိုက်ပြီး ထိုမိုးမခပင်မှ အရိပ်ရလာခဲ့သည်ဟူ၍ ပြောနိုင်ပေ၏။ သူမက အလွန်ကံကောင်းခဲ့သည်ဟု ရှောင်ရူယန်က ရုတ်တရက် ခံစားခဲ့မိသည်။ သူမက ယီယွမ်နှင့် အတူရှိနေနိုင်ရုံသာမကဘဲ သူမ၏ မှော်ဆေးပညာ
စွမ်းရည်များကိုပါ မြှင့်တင်နိုင်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now