Chapter 588

1K 129 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(45)

Chapter-5 

(တန်ပြန်တိုက်ခိုက်ခြင်း)


အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်၏ ကြောက်စရာကောင်းသော အော်ရာကို မြင်သော် ယီယွမ်က အနည်းငယ်မျှပင် သတိလက်လွတ်မဖြစ်ရဲဘဲ သူ၏ခန္ဓာကိုယ်ရှိ သဘာဝစွမ်းအင်အားလုံးကို စုစည်း၍ သူ၏လက်သီးသို့ ပို့ဆောင်လိုက်သည်။ 

လက်ဝါးချက်က အလွန်မြန်ဆန်ပေ၏။ ယီယွမ်က အသင်္ချေဓားမိုးများကို အချိန်မီထုတ်ဖော်ရန် မဖြစ်နိုင်တော့ပေ။

အော်ရာက ထိတ်လန့်တုန်လှုပ်စရာကောင်းသည်။ သို့သော် အနက်ရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်၏ အပြုအမူများက ထိတ်လန့်တုန်လှုပ်စရာ မကောင်းလှပေ။ 

သူက သူ၏လက်ဝါးကို အနည်းငယ်မြှောက်လိုက်ပြီး လက်ဝါးသုံးချက်ကို သာမန်ကာလျှံကာ အပြုအမူဖြင့် တစ်ဆက်တည်း ထုတ်ဖော်လိုက်၏။ 

မိုးပြာရောင်နဂါး သုံးကောင်က နဂါးဟိန်းသံများပေး၍ ယီယွမ်ထံသို့   အမြန်ဆုံးနှုန်းဖြင့် ဝင်ရောက်လာခဲ့သည်။ 

လက်ဝါးချက်က ရောက်ရှိလာခြင်း မရှိသေးသော်လည်း ယီယွမ်ကို ဖိအားခံစားစေရသော အထိအတွေ့တစ်ခုက သူ၏ရှေ့မှောက်၌ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဤအခိုက်အတန့်တွင် ယီယွမ်က ဖော်ပြ၍မရသော ဖိအားတစ်ခုကို ခံစားနေခဲ့ရသည်။ 

"သဘာဝစွမ်းအင် လောင်ကျွမ်းခြင်း… မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း….."

ဤအချိန်၌ ယီယွမ်က အစွမ်းအထက်ဆုံး မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို အမွေအနှစ်နယ်မြေ၌ သူနားလည်ခဲ့သော ဓာတ်သဘာဝ အမျှင်တန်းတစ်ခုကို ပေါင်းထည့်၍ အစွမ်းကုန်ထုတ်သုံးခဲ့၏။ 

ချက်ချင်းပင် ယီယွမ်က မရေမတွက်နိုင်သော လက်သီးချက်များကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်တစ်ခုလုံးက ယီယွမ်၏ လက်သီးအရိပ်များ ပြည့်နှက်နေခဲ့၏။ 

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now