Chapter 560

1K 123 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-5

(အမည်မဲ့စွမ်းအင်)

အမှန်တကယ်တွင် ယီယွမ်၏ အမြန်နှုန်းက သူ့ထက် အများကြီး ပိုမိုမြန်ဆန်ပေသည်။

ဤဒီမွန်းသားရဲများ၏ အရေအတွက်က အလွန့်အလွန် ကြောက်စရာကောင်းလှပေ၏။ သို့သော် လူအများကို ထိန်းချုပ်တိုက်ခိုက်သော သိုင်းကွက်အကြောင်းပြောမည်ဆိုလျှင် ယီယွမ်၏ ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်းထက် ပိုမိုအစွမ်းထက်သော သိုင်းပညာရပ် မရှိနိုင်ပေ။

အနည်းဆုံးအနေဖြင့် ထိုသို့သော သိုင်းပညာရပ်တစ်ခုကို အဆုံးမဲ့ကမ္ဘာကြီးတွင် တွေ့နိုင်မည်မဟုတ်ပေ။

အကယ်၍ ဤဒီမွန်းသားရဲများ၏ အဆင့်အတန်းက မြင့်မားနေလျှင် ထိုသိုင်းကွက်ကို မေ့ထားလိုက်၍ ရပေသည်။ သို့သော် အဆင့်(2) ဒီမွန်းသားရဲများဆိုလျှင် ယီယွမ်က ပွင့်ဖတ်အစုအဝေးတစ်ခုကို ထုတ်ဖော်လိုက်သည်နှင့် ချက်ချင်းသတ်ဖြတ်မှုတစ်ခု ဖြစ်သွားခဲ့၏။

ပို၍အရေးကြီးသည်မှာ ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်းက နယ်မြေအမျိုးအစား သိုင်းပညာရပ်တစ်ခုဖြစ်သည်။ ယီယွမ်၏ သဘာဝစွမ်းအင်များ မကုန်ဆုံးသေးသရွေ့ သူက ပွင့်ဖတ်များကို ချက်ချင်းထုတ်ဖော်နိုင်ပေ၏။

ကောထောင်ချွင်ကလည်း ပုံမှန်အားဖြင့် လူအများကို ထိန်းချုပ်တိုက်ခိုက်နိူင်သည့် သိုင်းပညာရပ်များ ရှိပေသည်။ သို့သော် ပထမဆုံးအနေဖြင့် လူအများကို ထိန်းချုပ်တိုက်ခိုက်နိုင်သည့် သိုင်းပညာရပ်များက အလွန်အားကုန်ပေ၏။ ဒုတိယတစ်ချက်မှာ ထိုပညာရပ်များကို ထုတ်ဖော်ရန် အချိန်များလိုအပ်သည်။ အရှုံးက အမြတ်ထက် ပိုများနေပေ၏။

လက်ရှိအချိန်၌ ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားတွင် လူအားလုံးနီးပါးအတွက် ဒုတိယအလွှာကို တက်ရောက်ရန်မှာ အရေးအကြီးဆုံးကိစ္စဖြစ်သည်။ ကောထောင်ချွင်ကလည်း ခြွင်းချက်မဟုတ်ပေ။

လမ်းတစ်လျှောက်တွင် ယီယွမ်က ပွင့်ဖတ်တစ်ထောင်စီးဆင်းခြင်းကို ထုတ်ဖော်ခဲ့၏။ သူ၏ရှေ့ဆက်သွားသော အမြန်နှုန်းက ဒီမွန်းသားရဲများ မရှိချိန်တွင် နှေးကွေးသွားခြင်းမရှိခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now