Chapter 472

1.2K 142 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-14

(နှစ်ထပ်ကွမ်းပျော်ရွှင်မှု)

"၁၀ပေ အတိုင်းအတာလောက်ပါပဲ….." ယီယွမ်က တည်တည်ငြိမ်ငြိမ်ပင် ပြောဆိုလိုက်သည်။

"ဘယ်လို… ဆယ်… ဆယ်ပေ….." အလင်းဖြူနှင့် ယွမ်ဖန်းတို့၏ မျက်လုံးများတွင် ပြင်းထန်သော ထိတ်လန့်တုန်လှုပ်မှုများက တစ်ပြိုင်တည်း ပေါ်ပေါက်လာခဲ့၏။

ယီယွမ်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "အင်း… ဒီအဆင့်တက်ရောက်မှုက တော်တော်လေး ကောင်းမွန်တယ်လို့ သတ်မှတ်နိုင်ပါသေးတယ်… မျှော်လင့်ထားတာထက် နည်းနည်းပိုကောင်းသွားတာပဲ….."

တော်တော်လေး ကောင်းမွန်တယ် ဟုတ်လား…..

အဲဒါက ကောင်းကင်ရဲ့အလိုကို ဆန့်ကျင်နေတယ်ဆိုတာ ရှင်းရှင်းလေးပဲလေ… ဟုတ်ပြီလား…..

၁၀ပေအတိုင်းအတာဆိုတာ ဘယ်လိုအခြေအနေမျိုးလဲဟ… အဆင့်(3) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တွေရဲ့ သဘာဝစွမ်းအင် ပင်လယ်တွေတောင် ၁၀ပေ မရှိဘူးလေ…..

ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်ရှိပြီးနောက် သိုင်းပညာရှင်များ၏ ကျင့်ကြံခြင်းဦးတည်ချက်မှာ သဘာဝစွမ်းအင်ပင်လယ်၌ ဖြစ်လာခဲ့ကြ၏။

သိုင်းပညာရှင်များက သူတို့၏ တန်းထျင်နေရာရှိ သဘာဝစွမ်းအင်ပင်လယ် ပိုမိုကြီးထွားလာစေရန်အတွက် သဘာဝစွမ်းအင်ပင်လယ်ကို မရပ်မနား ကျယ်ပြန့်လာစေရန် ပြုလုပ်ပေးရပေသည်။

အစွမ်းထက်သော အဆင့်(3) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်အချို့တွင်ပင် သူတို့ထဲမှ အလွန့်အလွန် နည်းပါးသော လူအရေအတွက်ကသာ သဘာဝစွမ်းအင်ပင်လယ်ကို ၁၀ပေ အတိုင်းအတာကို ရောက်ရှိနိုင်ကြ၏။

၁၀ပေအတိုင်းအတာမှာ အဆင့်(3) ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်များ ရောက်ရှိနိုင်သော အကန့်အသတ်ဖြစ်သည်။ ထိုပြိုင်ဖက်ကင်းသော အရည်အချင်းရှိသည့် ဂျီးနီးယပ်များကသာ ၁၀ပေအတိုင်းအတာကို ရောက်ရှိနိုင်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now