Chapter 437

1.1K 130 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(34)

Chapter-7

(လှံအရိပ်နှင့်ဓားအလင်း)

ယီယွမ်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာခဲ့မှသာ ပုံရိပ်ယောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ထိုသို့သော အမြန်နှုန်းကို မည်သည့်အချိန်တွင်မှ ကြားဖူးခဲ့ခြင်းမရှိပေ။

"တကယ်ကိုပဲ မင်းမှာ စွမ်းရည်အချို့ ရှိနေတာကိုး… မင်းက ငါ့ကို ရန်စရဲတာ အံ့ဩစရာမရှိပါဘူး….."

ဤစမ်းသပ်တိုက်ခိုက်မှုအရ ကျောက်ချန်ကန်း၏ အမူအရာက လေးနက်လာခဲ့၏။

ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ် ဂျိချင်က သူနှင့်ယှဉ်ပြိုင်ရန်အတွက် လုံလောက်သော အစွမ်းရှိနေသည်မှာ အလွန်ထင်ရှားလှပေသည်။

"မင်းက အချိန်ဆွဲချင်လို့လား….." ယီယွမ်က ကျောက်ချန်ကန်းကို ကြည့်၍ တစ်ဝက်တစ်ပျက် ပြုံးလိုက်၏။

စိတ်ဝိညာဉ်ရင်းမြစ်ကိုးခု ပြောင်းလဲခြင်းက အစွမ်းထက်သော်လည်း ထိုအရာက ကျင့်စဉ်အဆင့် ယာယီတိုးမြှင့်ခြင်းသာ ဖြစ်သည်။ အချိန်အကန့်အသတ်ကို ရောက်ရှိသွားသည်နှင့် ထိုသူက သူ၏မူလ ကျင့်စဉ်အဆင့်ကို ရောက်ရှိသွားမည်ဖြစ်သည့်အပြင် ဆိုးကျိုးများနှင့်ပါ ကြုံတွေ့ရပေလိမ့်မည်။

အမှန်တကယ်တွင် ထိုသို့ဆိုသည့်တိုင် ဤပညာရပ်က အစွမ်းထက်လှသည်မှာ အမှန်တရားပင် ဖြစ်၏။

အတိတ်တွင် ဆေးဘုရင်ခန်းမအတွင်း၌ မရေမတွက်နိုင်သော ပညာရပ်များ ရှိကြပေသည်။ ဂျိချင်ယန်ကလည်း ဤသိုင်းပညာရပ်က သဘာဝမီးလျှံကို အသုံးပြုရန် လိုအပ်ခဲ့၍ အလွန်စိတ်ဝင်စားသွားခဲ့ပြီး ထိုပညာရပ်ကို သတိပြုမိခဲ့ခြင်း ဖြစ်၏။

ယနေ့အချိန်၌ အဆင့်နိမ့်နယ်မြေများတွင် ဤပညာရပ်ကို အခြားသူများ အသုံးပြုနေခဲ့သည်ကို မြင်ခဲ့ရသည်။

သို့သော် ကျောက်ချန်ကန်းက သူ၏အတွေးများ မြင်တွေ့ရခြင်း ခံလိုက်ရသည့်အတွက် အနည်းငယ်မှပင် အရှက်ရသွားခဲ့ခြင်းမရှိခဲ့ပေ။ "ဟုတ်တယ်ဆိုရင်ကော ဘာဖြစ်လဲ….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Kde žijí příběhy. Začni objevovat