Chapter 479

1.2K 143 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(37)

Chapter-8

(မောက်မာသော သတင်းသယ်လာသူများ)

ဤတစ်ကြိမ်တွင်တော့ ယီယွမ် အံ့အားသင့်ရသည့်အလှည့် ဖြစ်ပေသည်။

"မဟာအကြီးအကဲ… ဒီအသင်္ချေဓားအဖွဲ့က….."

ကောင်းကင်မေပယ်၏ မျက်နှာက အလွန်အရုပ်ဆိုးနေခဲ့သော်လည်း သူက ပြန်ပြောပြလိုက်၏။ "အတိတ်တုန်းက ငါတို့ ငြိမ်သက်တိမ်တိုက်အဖွဲ့ကို မြောက်ပိုင်းကုန်းမြေကနေ ထွက်သွားဖို့ ဖိအားပေးခဲ့တာက အသင်္ချေဓားအဖွဲ့ပဲ….."

ယီယွမ်ကထိုစကားကိုကြားသော် မျက်မှောင်ကုတ်၍ ပြောဆိုခဲ့သည်။ "တကယ်လို့ သတင်းသယ်လာတဲ့သူတွေက အသင်္ချေဓားအဖွဲ့က ဖြစ်နေခဲ့ရင်… အကြီးအကဲမိန်… သူက… ဒါတွေအားလုံး ကျွန်တော့်အမှားပါ… မြောက်ပိုင်းကုန်းမြေကို သတင်းပို့ပေးဖို့ပဲ တွေးလိုက်မိပြီးတော့ ဒီလိုကိစ္စမျိုး ဖြစ်လာခဲ့မယ်လို့ တကယ်တွေးမထားခဲ့ပါဘူး….."

မိန်ကျန်းနှင့်ယီယွမ်တို့က ခရီးတစ်လျှောက် ရင်းနှီးစွာဖြင့် အတူသွားလာခဲ့ကြ၏။ အကယ်၍ မိန်ကျန်းသာ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် ယီယွမ်က အသင်္ချေဓားအဖွဲ့ကို သေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။

"မင်းကို ဘယ်လိုလုပ်ပြီး အပြစ်တင်လို့ရမှာလဲ… ဒီကိစ္စက ငါရယ် လျှိုချင်ဖုန်းရယ် သူတို့ငါးယောက်ပဲ သိထားကြတာလေ… မိန်ကျန်းကိုယ်တိုင်တောင် မသိထားဘူး… ဟူးးး… တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါစေလို့ မျှော်လင့်ရတော့မှာပဲ… ဒီအဖြစ်အပျက် ပြီးဆုံးသွားခဲ့တာ နှစ်တွေအများကြီး ကြာသွားခဲ့ပြီ… ဒီကိစ္စက အသင်္ချေဓားအဖွဲ့ရဲ့ စိတ်ထဲကနေ ပျောက်ကွယ်သွားခဲ့တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က လက်ရှိအချိန်မှာ သူတို့ကို မခြိမ်းခြောက်နိုင်တော့ဘူးလေ….." ကောင်းကင်မေပယ်က သက်ပြင်းတစ်ချက်ချ၍ ပြောဆိုလိုက်သည်။

"သွားကြရအောင်… သူတို့တွေနဲ့ သွားတွေ့ကြတာပေါ့….." ယီယွမ်က ပြောခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now