Chapter 464

1.2K 144 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-6

(ငြိမ်သက်တိမ်တိုက်အဖွဲ့မှာ စိတ်ဝိညာဉ်တစ်ခု ရှိတယ်)

"စီနီယာအစ်ကိုယီ… စီနီယာအစ်ကိုယီ… အန္တရာယ်တစ်ခု ရောက်လာပြီ….."

ငြိမ်သက်တိမ်တိုက်အဖွဲ့ တပည့်တစ်ယောက်က အလွန်စိတ်ပူနေဟန်ဖြင့် ငြိမ်သက်တိမ်တိုက်အဖွဲ့ အဓိကခန်းမထဲသို့ ဝင်ရောက်လာခဲ့သည်။

"ဒါက ဂျူနီယာညီလေး ကျောက်ရှင်း... ဟုတ်တယ်မလား… အပြင်ဘက်မှာ ဘာသတင်းတွေများ ရှိလာလို့လဲ….." ယီယွမ်က မေးမြန်းလိုက်၏။

ကျောက်ရှင်းက ကပျာကယာပင် ပြောဆိုခဲ့သည်။ "ခရမ်းနုရောင်စံအိမ်အဖွဲ့က သိုင်းပညာရှင်ထောင်ပေါင်းများစွာ စေလွှတ်လိုက်ပြီးတော့ ငြိမ်သက်တိမ်တိုက်အဖွဲ့ဆီကို အစွမ်းကုန်မြန်ဆန်တဲ့နှုန်းနဲ့ ချီတက်လာခဲ့ကြပြီ….."

"ဟားဟား… ဂျူနီယာညီလေးကျောက်ရှင်းက မဟာဝင်္ကပါရဲ့ အစွမ်းကို အထင်မသေးပါနဲ့… သိုင်းပညာရှင် ထောင်ပေါင်းများစွာကို အသာထားလိုက်ဦး… တကယ်လို့ သိုင်းပညာရှင် သောင်းချီပြီး ရောက်လာခဲ့ရင်တောင် သူတို့က ပြန်သွားနိုင်မှာ မဟုတ်ဘူး….."

"ဒါပေမဲ့… ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ခေါင်းဆောင်တွေက… အဆင့်(4) စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် မဟာအကြီးအကဲ လျောင်ဝမ်ကွမ်းနဲ့ အဆင့်(4) ဝင်္ကပါပညာရှင် ဟဲကျွင်းတို့ပဲ… ကျွန်တော် ကြောက်ရွံ့တာက….."

ကျောက်ရှင်းက ထိုသတင်းများကို ကြားခဲ့ချိန်တွင် သူ၏ခြေထောက်များ ပျော့ခွေသွားသည်အထိ ကြောက်ရွံ့သွားခဲ့၏။

အဆင့်(4)ဝင်္ကပါပညာရှင်များက အလွန်ကြောက်စရာကောင်းသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့က အဖွဲ့အကာအကွယ် မဟာဝင်္ကပါများကို ပျက်စီးစေသော အကြောင်းရင်းများ ဖြစ်၏။

အကယ်၍ သူတို့က ဝင်္ကပါကို ဖျက်ဆီးနိူင်ခြင်းမရှိခဲ့လျှင်ပင် သူတို့က မဟာဝင်္ကပါ၏ အားနည်းသောနေရာများကို ရှာတွေ့နိုင်ပြီး မဟာဝင်္ကပါ၏ အစွမ်းကို လျော့ကျသွားအောင် လုပ်ဆောင်နိုင်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now