Chapter 554

1.1K 129 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-13

(လက်ဝါးကြီးအုပ်ခြင်း)

ယီယွမ်က ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားကို သွားရောက်စိန်ခေါ်မည့်အကြောင်း ကြားလိုက်ရသောအခါ မူလက တောင်းဆိုနေကြသော အသံများ တဖြည်းဖြည်း ရပ်တန့်သွားခဲ့ကြသည်။

ထိုအရာက အမှန်တရားဖြစ်၏။ ယီယွမ်၏ မှော်ဆေးပညာလမ်း အင်အားက အမှန်တကယ် မြင့်မားလှသည်။ သို့သော် သူ၏အကန့်အသတ်က အလွန်နိမ့်ကျနေခဲ့သေး၏။

အကယ်၍ သူတို့က ဆရာယီ၏ ကျင့်ကြံမှုအပေါ် သင်ခန်းစာပို့ချမှုအတွက် နှောင့်နှေးစေမည်ဆိုလျှင် ထိုအရာက အလွန်မမျှတသည့် အရာတစ်ခုဖြစ်သည်။

ဆရာယီက အနာဂတ်မှာ ကောင်းကင်ဘုံအထိ ထိုးတက်သွားမဲ့လူပဲ… သူက ငါတို့အတွက် သင်ခန်းစာထပ်ပို့ချပြီး သူ့ရဲ့အချိန်တွေကို ဖြုန်းတီးဖို့ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…..

သို့သော် ပရိသတ်ထဲတွင် မချင့်မရဲဖြစ်သံများ အများအပြား ထွက်လာခဲ့ကြ၏။ သူတို့က အလွန်နောင်တရနေသည်မှာ သိသာလှပေသည်။

ဤအချိန်၌ လူတစ်ယောက်က ရုတ်တရက် ကြည်လင်ပြတ်သားစွာ ပြောဆိုခဲ့၏။ "ဆရာယီ… ယန်မူက ဆရာယီကို ဂရုစိုက်ပေးချင်ပါတယ်… ဆေးစမ်းသပ်ခံကောင်လေးအဖြစ် နေရမယ်ဆိုရင်တောင် ကျွန်တော့်ကိုလက်ခံပေးပါ ဆရာယီ….."

သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ထိုသူက ပထမနေ့တွင် ယီယွမ်ကို ပထမဆုံးမေးခွန်းမေးခဲ့သည့် မှော်ဆေးပညာရှင်ဘုရင်ဖြစ်ကြောင်း တွေ့နိုင်ပေသည်။

ဤယန်မူက အထွတ်အထိပ်အဆင့် မှော်ဆေးပညာရှင်ဘုရင်ဖြစ်၏။ လက်ရှိနေရာတွင် သူက အဆင့်မြင့်ပုဂ္ဂိုလ်
တစ်ယောက်ဖြစ်သည်။ သူက ယီယွမ်အတွက် ဆေးစမ်းသပ်ခံကောင်လေးအဖြစ် နေထိုင်ပေးရန် တောင်းဆိုခဲ့၏။ ထိုအရာက အမှန်တကယ်ပင် သဘာဝမကျသော အရာတစ်ခုဖြစ်သည်။

သို့ရာတွင် လူပေါင်းတစ်သိန်း၌ တစ်ယောက်တစ်လေမှ ထိုကိစ္စကို ထူးဆန်းသည်ဟူ၍ မခံစားခဲ့ရပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now