Chapter 470

1.2K 139 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(36)

Chapter-12

(ပင်လယ်ကျယ်ပြန့်ခြင်းဆေးလုံး)

ထိပ်ပိုင်းအကြီးအကဲအုပ်စုက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဤသို့သော သတင်းမျိုးကို သူတို့က ပထမဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိသာလှပေ၏။

ဤသတင်းကြောင့် လူတိုင်းက အလွန်ထိတ်လန့်သွားခဲ့ကြသည်။

လင်းချောင်ပြောသည့် စကားများအရ ယီယွမ်က လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ချိန်တွင် အဆင့်(7) စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နယ်ပယ်တွင်သာ ရှိနေခဲ့သေး၏။

သူက ထိုကျင့်စဉ်နယ်ပယ်ဖြင့် အဆင့်(4)နှင့် အဆင့်(5) မဟာဝင်္ကပါများထဲတွင် မြေပြင်ပေါ် လမ်းလျှောက်သလို အလွယ်တကူ သွားလာနိုင်ခဲ့သည်။

ဒါက ဘယ်လိုဟာသမျိုးလဲ…..

သို့သော် လက်ရှိ
ငြိမ်သက်တိမ်တိုက်အဖွဲ့၌ ဖြစ်ပေါ်နေသည့် မှန်းဆမရသော ကိစ္စများနှင့် ချိန်ထိုးကြည့်လိုက်သောအခါ ထိုအရာက သဘာဝအကျဆုံး ဖြေရှင်းချက်ဖြစ်၏။

ထိုအချိန်က ယီယွမ်၏ အပြုအမူမှတစ်ဆင့် ဝင်္ကပါလမ်းစဉ်တွင် သူ၏ အဆင့်အတန်းက အဆင့်(4) ကို ကျော်လွန်သွားခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီဆိုခြင်းကို သိရှိနိုင်ပေသည်။

ထိုသို့သော အစွမ်းမျိုးမရှိဘဲ သူက အဖွဲ့အကာအကွယ် မဟာဝင်္ကပါကို ထိန်းချုပ်ပြီး စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ပုဂ္ဂိုလ်များကို မည်သည့်အတွက် သတ်ဖြတ်နိုင်မည်နည်း။

သို့သော် ထိုအချိန်မှစ၍ လက်ရှိအချိန်အထိ လအနည်းငယ်သာ အချိန်ကုန်သေး၏။

ဒီယီယွမ်က စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် အထိရောက်အောင်တော့ မသွားနိုင်လောက်ပါဘူး…..

ဤသတင်းတွင် အကေခအနေမျိုးစုံ ပေါင်းစပ်ပါဝင်နေခဲ့၏။ ရှင်းပြ၍ မရနိုင်သော ပြဿနာများစွာ ပါဝင်ပေသည်။ သို့သော် အဆုံးသတ်ကို ကြည့်လိုက်သောအခါ ထိုအရာက သဘာဝအကျဆုံး ဖြေရှင်းချက်တစ်ခု ဖြစ်နေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now