Chapter 500

1.2K 135 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(39)

Chapter-1

(မိစ္ဆာကိုဖယ်ရှားခြင်း)

"ဘာလဲဟ… အဲဒါ… အဲဒါက… စုစည်းထားတဲ့ သဘာဝစွမ်းအင်တွေ ပုံစံဖြစ်ပေါ်လာတာပဲ… သူက… သူက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက် မဟုတ်ဘူးလား….."

"ငါ့ကို လာနောက်နေတာလား… ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တွေက စုစည်းထားတဲ့ သဘာဝစွမ်းအင်တွေကို ဘယ်လိုလုပ်ပြီးတော့ ပုံစံဖြစ်ပေါ်လာစေနိုင်မှာလဲ….."

"ဒီကောင်လေးက တော်တော်လေး မောက်မာနေတာ မထူးဆန်းတော့ဘူး… ကြည့်ရတာ သူက စုစည်းထားတဲ့ သဘာဝစွမ်းအင်တွေကို ဘယ်လိုလုပ်ပြီး ပုံစံဖြစ်ပေါ်လာစေနိုင်လဲဆိုတာ သင်ယူထားတယ်နဲ့တူတယ်….."

ယီယွမ်၏ အသင်္ချေဓားမိုးများ သိုင်းကွက် စတင်ထွက်ပေါ်လာသည်နှင့် ကောင်းကင်ဘုံမိစ္ဆာအဖွဲ့မှ တပည့်အားလုံးက အကြီးအကျယ် ပွက်လောရိုက်သွားခဲ့ကြသည်။

မိုးသောက်မြို့မှ အဖြစ်အပျက်နှင့် အတူတူပင် ဤကဲ့သို့ မျှော်လင့်မထားသော မြင်ကွင်းတစ်ခုက လူတိုင်းကို အေးစက်စက် ခံစားစေခဲ့ရ၏။

ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က စုစည်းထားသော သဘာဝစွမ်းအင်များကို ပုံစံဖြစ်ပေါ်လာစေနိုင်ခြင်းမှာ အလွန်ထူးခြားပေသည်။

မောင်ယွမ်ကျိ၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး သူက ကပျာကယာပင် သူ၏ ကျင့်ကြံခြင်းပညာရပ်ကို အဆုံးစွန်အထိ ထုတ်ဖော်လိုက်၏။

မောင်ယွမ်ကျိက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူတစ်ယောက် ဖြစ်သော်လည်း သူက စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူများတွင် အဆင့်အနိမ့်ဆုံး လူတစ်ယောက်ဖြစ်သည်။ သူက စုစည်းထားသော သဘာဝစွမ်းအင်များကို ပုံစံဖြစ်ပေါ်စေနိုင်ခြင်း မရှိခဲ့သေးပေ။

သူကဲ့သို့ စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူတစ်ယောက် မစွမ်းဆောင်နိုင်ခဲ့သော အရာတစ်ခုကို သူ၏ရှေ့မှ  ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် လူငယ်လေးတစ်ယောက်က အမှန်တကယ် စွမ်းဆောင်နိုင်ခဲ့ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now