Chapter 533

1.1K 136 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-6

(ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရား အမွေအနှစ်)

"ဟီးဟီး… ကြည့်ရတာ ညီငယ်လေးရဲ့ ကံတရားက မြင့်မားလွန်းတဲ့အတွက် နတ်ဘုရားနယ်မြေ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သူကောင်းပြုတာကို ခံလိုက်ရတာနဲ့တူတယ်… အစ်ကိုကြီးက မင်းကိုတကယ်မနာလိုမိတယ်….."

ချီဟိုင်က အဆုံးမဲ့ကမ္ဘာကြီး၏ နယ်မြေသခင် ဖြစ်သော်လည်း နတ်ဘုရားနယ်မြေမှ အဓိကအင်အားစုများ၏ အမြင်တွင် သူက အရေးမပါသောလူတစ်ယောက်သာ ဖြစ်နေပေသေးသည်။

ယီယွမ်၏ အရည်အချင်းက အလွန်မွန်းစတားဆန်နေခဲ့၏။ ချီဟိုင်၏ အမြင်တွင် ယီယွမ်၏ဆရာက နတ်ဘုရားနယ်မြေတွင် ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်ပေလိမ့်မည်။

အမှန်တကယ်တွင် မည်မျှအထိ အစွမ်းထက်မည်ကို ချီဟိုင်က လုံးဝပင် အတိအကျမသိပေ။

သူက နတ်ဘုရားနယ်မြေနှင့် ဆက်စပ်နေသော ကိစ္စအချို့ကို သိထားသော်လည်း သူ၏အသိပညာက အကန့်အသတ် ရှိပေသည်။

"အစ်ကိုကြီးက အကန့်အသတ်မဲ့နယ်ပယ်ကို ခြေလှမ်းဝက် ရောက်ရှိနေပြီ… နတ်ဘုရားနယ်မြေကို တက်ရောက်ရမယ့်နေ့က သိပ်မဝေးတော့ဘူး… ဘာလို့ညီငယ်လေးကို မနာလိုနေရတာလဲ….." ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။

"ဒီကျန်တဲ့ခြေလှမ်းဝက်က ကောင်းကင်ဘုံကို တက်ရောက်ရတာလို ခက်ခဲတယ်… တကယ်လို့ ငါ့မှာ ယုံကြည်ချက်ရှိမယ်ဆိုရင် ငါက မိုးကောင်းကင်စစ်ဆေးခြင်းကို ကျော်ဖြတ်ပြီးတာကြာပြီ… ငါကဘာလို့ အဆုံးမဲ့ကမ္ဘာကြီးမှာ ဆက်နေပြီး ငါ့ရဲ့အချိန်တွေကို ခါးခါးသီးသီး ဖြတ်ကျော်နေမှာလဲ… ငါက ဒီနှစ်တွေမှာ အဆုံးမဲ့တောအုပ်အတွင်း လှည့်လည်သွားလာနေခဲ့တာက မျှော်လင့်ချက် တစ်စုံတစ်ရာကို ရှာတွေ့မလားဆိုတဲ့ စိတ်ကူးနဲ့ပဲ……" ချီဟိုင်က ခံစားချက်အပြည့်ပါဝင်သော သက်ပြင်းတစ်ခုချခဲ့သည်။

အဆင့်နိမ့်နယ်မြေများမှ သိုင်းပညာရှင်များအတွက် မိုးကောင်းကင်စစ်ဆေးခြင်းကို ကျော်ဖြတ်ခြင်းက သေခြင်းရှင်ခြင်း အဆုံးအဖြတ်ပင်ဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now