Chapter 553

1.1K 133 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-12

(မှော်ဆေးပညာနတ်ဘုရား ပြန်လည်ဝင်စားခြင်း)

"မင်းက ဒီနေရာမှာ အရက်သောက်နေဖို့ အချိန်ရှိသေးတယ်လား… ဆရာယီရဲ့ သင်ခန်းစာပို့ချမှုက အခုအချိန်မှာ စတင်တော့မယ်… တကယ်လို့ အခုအသွားဘူးဆိုရင် ထိုင်စရာခုံတစ်ခုမှ ရှိတော့မှာ မဟုတ်ဘူး….."

"ဆရာယီ ဟုတ်လား… သူက ဘယ်သူလဲ….."

ထိုစကားပြောလိုက်သူက မေးမြန်းသောတစ်ဖက်လူကို အရူးတစ်ယောက်သဖွယ် သနားနေသည့်ဟန်အပြည့်ဖြင့် ကြည့်ရှုလိုက်သည်။

"ဆရာယီက ဘယ်သူလဲဆိုတာတောင် မသိသေးဘူးပေါ့… သူက မြို့ပိုင်အရှင်သခင်ရဲ့မြေး ယီယွမ်,ဆရာယီလေ… ဆရာယီက မေးခွန်းတစ်ထောင်နံရံမှာ ငါးရက်ဆက်တိုက် ပွဲကျင်းပပြီး သင်ခန်းစာပို့ချနေတဲ့အပြင် သံသယဖြစ်နေတဲ့ မေးခွန်းတွေကိုပါ ဖြေဆိုနေတယ်… မင်းက ဒီအခြေအနေကို ကျော်လွှားနိုင်တာနဲ့ အခက်အခဲရှိတော့မှာ မဟုတ်ဘူး….."

"အာ… ဒါက မြို့ပိုင်အရှင်သခင်ရဲ့ လောလောဆယ် လက်ခံထားတဲ့ မြေးမဟုတ်လား… သူက ဆယ်ကျော်သက်လေးပဲ မဟုတ်ဘူးလား… သူက ဘယ်လိုလုပ်ပြီးတော့ ပွဲကျင်းပပြီး သင်ခန်းစာပို့ချနိူင်မှာလဲ….."

"ငါပြောမယ်… မင်းက ဒီရက်တွေအတွင်းမှာ ဘာတွေအလုပ်ရှုပ်နေတာလဲ… ဆရာယီရဲ့ သင်ခန်းစာတွေက ဝူဖန့်မြို့ တစ်မြို့လုံးကို ပျံ့နှံ့နေပြီလေ… မင်းက တကယ်ကို မသိဘူးလား… ဆရာယီက မှော်ဆေးပညာနတ်ဘုရား ပြန်ပြီးဝင်စားထားသလိုပဲ… တကယ်လို့ တစ်စုံတစ်ယောက်က ဆရာယီရဲ့ လမ်းညွှန်မှုကို တစ်ခါရရှိခဲ့ရင် ဆယ်နှစ်လောက် ပြင်းပြင်းထန်ထန် ကျင့်ကြံရတာထက် ပိုပြီးအကျိုးရှိတယ်… အခု မှော်ဆေးပညာရှင်ဧကရာဇ်တွေက ဆရာယီကို မေးခွန်းတွေ မေးမြန်းနေကြပြီ….."

"ဟမ်… ဆယ်ကျော်သက်လေးက မှော်ဆေးပညာရှင်ဧကရာဇ်တွေကို လမ်းညွှန်သင်ကြားပေးတာလား… ဘုရားရေ….."

"ထားလိုက်တော့… ငါက မင်းနဲ့စကားဆက်မပြောတော့ဘူး… မင်းဘာသာမင်း ဒီနေရာမှာ လူအတစ်ယောက်လို နေရစ်ခဲ့တော့… ငါက ထက်မြက်သောကျောက်စိမ်းဂေဟာကို သွားတော့မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now