Chapter 573

1.1K 127 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(44)

Chapter-4

(အစီအရင်ကို စွမ်းအားနှင့် ချိုးဖျက်ခြင်း)

ထိုအရိပ်များကိုမြင်သော် ယီယွမ်က အလွန်တည်ငြိမ်သွားခဲ့၏။

"ပုံရိပ်ယောင်ဝိညာဉ်ခန္ဓာကိုယ်တွေ….."

ခေါင်းဆောင်နေရာမှ သက်လတ်ပိုင်းအရွယ် လူက ထိုစကားကိုကြားသော် အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်သည်။ "လူငယ်လေး… မင်းက ပုံရိပ်ယောင်ဝိညာဉ်ခန္ဓာကိုယ် အကြောင်းကို တကယ်သိနေတယ်ပေါ့… မင်းက ဗဟုသုတနဲ့ အတွေ့အကြုံအချို့ ရှိနေတာပဲ… ပထမအလွှာသုံးခုကို ပြီးပြည့်စုံအောင် ကျော်ဖြတ်နိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ဘူး….."

ပုံရိပ်ယောင်ဝိညာဉ်ခန္ဓာကိုယ်က နတ်ဘုရားစိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် အလွန့်အလွန် ထူးခြားဆန်းကြယ်သော နည်းလမ်းတစ်ခုအသုံးပြု၍ မသေဆုံးနိုင်သော အခြေအနေတစ်ခုသို့ ရောက်အောင် ဖန်တီးထားခြင်းဖြစ်၏။

ဤသို့သော ပုံရိပ်ယောင်ဝိညာဉ်ခန္ဓာကိုယ်ကို ရင်ဆိုင်ရန် အလွန့်အလွန် ခက်ခဲပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို သတ်ဖြတ်ရန် အလွန်ခက်ခဲသောကြောင့် ဖြစ်၏။

သူတို့ကို တစ်စစီဖြစ်အောင် လုပ်ဆောင်ခဲ့လျှင်ပင် သူတို့က သူတို့၏ မူလအသွင်အပြင်သို့ အလွန်မြန်ဆန်စွာ ပြန်လည်ရောက်ရှိနိုင်ပေသည်။

သိုင်းပညာရှင်၏ ကျင့်စဉ်နယ်ပယ်က ပုံရိပ်ယောင်ဝိညာဉ်ခန္ဓာကိုယ်ထက် အများကြီး အဆင့်မြင့်နေခဲ့ပြီး သူတို့ကို အမြစ်ဖြုတ်သုတ်သင်နိုင်ရန် အစွမ်းထက်သော စွမ်းရည်တစ်ခုကို အသုံးပြုသည်နှင့် တစ်စုံတစ်ယောက်က သူတို့ကို သတ်ဖြတ်နိုင်၏။

ယီယွမ်က နတ်ဘုရားစိတ်ဝိညာဉ်ကို ကောင်းစွာလေ့လာထားခဲ့၍ ဤလူများက ပုံရိပ်ယောင်ဝိညာဉ်ခန္ဓာကိုယ်များ ဖြစ်နေကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်တွေ့နိုင်ခဲ့သည်။

"အမ်… စီနီယာ… ခင်ဗျားမှာ ကိုယ်ပိုင်အသိစိတ်ရှိနေတာလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now