Chapter 418

1.1K 144 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-2

(ယီယွမ်ဒေါသထွက်ခြင်း)

ရှောင်ချန်ဖုန်း၏ မျက်နှာအမူအရာက မရပ်မနားပင် ပြောင်းလဲနေခဲ့သည်။

သူက မှော်ဆေးပညာရှင် ဘုရင်တစ်ယောက် ဖြစ်၍ ရှောင်ရူယန်က အသက်ရှင်သော အမူအရာ လုံးဝမရှိတော့ကြောင်း ပြောနိုင်စွမ်းရှိပြီး သေမင်းလက်မှ
အသက်ပြန်ယူနိုင်ရန် မဖြစ်နိုင်တော့ပေ။

သို့သော် ယီယွမ်က သူမ၏အသက်ကို ပြန်လည်
ကယ်တင်နိုင်ကြောင်း ပြောဆိုခဲ့၏။

ငါက ယီယွမ်ကို ယုံကြည်ရမှာလား… မယုံကြည်ရဘူးလား…..

အလွန်များသော အကြီးအကဲများက သူ့အပေါ် ဖိအားပေးနေပြီး ယီယွမ်ကို နှင်ထုတ်ရန် တောင်းဆိုနေကြသည်။ သူက လူတိုင်း၏ အမြင်များကို လျစ်လျူရှုထား၍ မရနိုင်ပေ။

အချိန်အနည်းငယ် ကြာအောင် ရှောင်ချန်ဖုန်းက တွေဝေနေခဲ့၏။

သူက ယီယွမ်ကိုကြည့်၍ ရုတ်တရက်ပင် မဟာဆေးလုံး အစည်းအဝေးမှ ယီယွမ်၏ မှင်တက်စရာကောင်းသော အပြုအမူကို ပြန်လည်သတိရသွားခဲ့သည်။

သူကတကယ် လုပ်ဆောင်နိုင်တာ ဖြစ်နိုင်တယ်…..

အကြီးအကဲများက
လက်ရှိအချိန်အထိ ဆူညံစွာပြောနေခဲ့ကြပေရာ ရှောင်ချန်ဖုန်းက အလွန်
ဒေါသထွက်သွားခဲ့၏။

"မင်းတို့အားလုံး ပါးစပ်တွေ
ပိတ်ထားကြစမ်း….." ရှောင်ချန်ဖုန်းက ငေါက်ငမ်းလိုက်ပေရာ အားလုံးက တိတ်ဆိတ်သွားကြသည်။

"အားလုံးပဲ အပြင်ထွက်ကြ… သခင်လေးဂျိကို စမ်းသပ်ခွင့်ပေးလိုက်….." ရှောင်ချန်ဖုန်းက ပြောလိုက်၏။

"ချန်ဖုန်း… မင်းက ဘာလို့ ဒီလောက်အထိ တုံးအရတာလဲ… လူတွေက သေဆုံးပြီးသွားတာကို ဘယ်လိုလုပ်ပြီးတော့ အသက်ရှင်နိုင်မှာလဲ… ဒီကောင်လေးက ဒီနေရာကို ပြဿနာရှာဖို့ ရောက်လာတာ သိသာပါတယ်….." ရှောင်မိသားစု အကြီးအကဲတစ်ယောက်က ပြောဆိုခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Dove le storie prendono vita. Scoprilo ora