Chapter 443

1.1K 144 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(34)

Chapter-13

(သူက ငါ့ရဲ့ဂိုဏ်းတူညီငယ်လေးပဲ)

ယီယွမ်က တိတ်တဆိတ်ပင် ထိတ်လန့်သွားခဲ့သည်။ သို့သော် သူ၏မျက်နှာတွင် တည်ငြိမ်သည့် အမူအရာဖြင့် ပြောလိုက်၏။ "ခင်ဗျားက ကျုပ်ကိုပြောနေတာလား… ဒါပေမဲ့ နာမည်မှားခေါ်မိတာလား….."

တင်းလျန့်က မျက်နှာထားတင်းတင်းဖြင့် ပြောဆိုခဲ့သည်။ "ငါက နာမည်မှားခေါ်တာ မဟုတ်ဘူး… မင်းရဲ့စိတ်ထဲမှာ ကောင်းကောင်းသိပါတယ်… ဒါပေမဲ့ မင်းက သတ္တမမင်းသားကို ဒီလိုအခြေအနေဖြစ်အောင် တကယ်ပဲ အနိုင်ယူခဲ့တယ်… အရှင်လေအင်ပါယာက သေချာပေါက် မင်းကိုပြန်လွှတ်မှာ မဟုတ်တော့ဘူး….."

ရှစ်ဟောက်ရန်က မျက်နှာပျက်သွားခဲ့ပြီး ပြောလိုက်၏။ "တင်းလျန့်… မင်းက ဒီနေရာမှာ အမြီးအမောက်မတည့်တဲ့ ကိစ္စအချို့ကို ပြောပြပြီးတော့ လူတွေကို စိတ်ရှုပ်အောင်မလုပ်ပါနဲ့… မင်းပြောစရာရှိတာကို သေသေချာချာပြော… ဒါပေမဲ့ မင်းက ဂိုဏ်းတူညီငယ်လေးကို ထိချင်တယ်ဆိုရင် ငါ့ကိုအရင်ဆုံး ဖြတ်ကျော်ရလိမ့်မယ်….."

တင်းလျန့်က ရှစ်ဟောက်ရန်ကို ကြည့်၍ အပြုံးတစ်ခုဖြင့် ပြောဆိုခဲ့သည်။ "မင်းကသူ့ကို မင်းရဲ့ ဂိုဏ်းတူညီငယ်လေးအဖြစ် ခဏခဏ ခေါ်နေခဲ့တယ်… သူ့ရဲ့ အစစ်အမှန်ပုံစံကို မင်းကသိရဲ့လား….."

ရှစ်ဟောက်ရန်က အေးစက်သောအပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "မင်းဆိုလိုချင်တာက… ဂိုဏ်းတူညီငယ်လေးကို တပည့်အဖြစ်လက်ခံခဲ့တဲ့ ဆရာကြယ်တာရာချောက်က အမြင်မရှိဘူးလို့လား….."

တင်းလျန့်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ရှစ်ဟောက်ရန်က သူ၏စကားထဲတွင် ဤမဟာပုဂ္ဂိုလ်ကြီးကို ထည့်သွင်းလာခဲ့ရာ သူက ဂရုတစိုက် ပြန်လည်ပြောဆိုရန် လိုအပ်လာခဲ့ပေ၏။

ကြယ်တာရာချောက်၏ ကျင့်စဉ်အဆင့်က သူနှင့် အတူတူလောက်သာ ရှိနေသော်လည်း ကြယ်တာရာချောက်၏ အဆင့်အတန်းက လေအင်ပါယာပင် စိုးရိမ်ထိတ်လန့်ရပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now