Chapter 582

1K 129 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(44)

Chapter-13

(အစစ်အမှန်နဂါးအသိစိတ်ကို သုတ်သင်ဖယ်ရှားခြင်း)

သိုင်းပညာရှင်သန်းဂဏန်း အရေအတွက်က အဆုံးမဲ့ကမ္ဘာကြီးအတွက် သေးငယ်သော ပမာဏသာဖြစ်သည်။ သို့သော် ဤတစ်ကြိမ် မြို့များသုတ်သင်ရှင်းလင်းခံရမှုက စစ်ပွဲအတွက် အလွန်ကြီးမားစွာ သက်ရောက်စေပေ၏။

ဤအရာက အဆုံးမဲ့ကမ္ဘာကြီးမှ သိုင်းပညာရှင်များအားလုံးကို အပြင်းအထန်ခုခံကြကာ သူသေကိုယ်သေ တိုက်ခိုက်ကြရန် အတင်းဖိအားပေးနေခြင်း ဖြစ်သည်။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ ကိစ္စများကို လုပ်ဆောင်မှုနည်းလမ်းများက လူတိုင်းကို အလွန်စိတ်ရှုပ်စေခဲ့၏။

"ငါတို့က တောင်ပိုင်းကုန်းမြေမှာ လျှို့ဝှက်သတင်းပေးတွေ ထားရှိထားခဲ့တယ်… အနီးက အဆုံးမဲ့တောအုပ်ထဲမှာလည်း လျှို့ဝှက်ဆက်သားတွေ အများကြီး ရှိနေသေးတယ်လေ… သူတို့က အဲဒီကိစ္စကို ဘယ်လိုမှ မသိကြဘူးလား….." နင်ရီရှန်းက ဒေါသတကြီး ပြောဆိုလိုက်သည်။

အဆုံးမဲ့တောအုပ်၏ အစွန်းနှစ်ဖက်က အဆက်အသွယ်ပြတ်နေသော်လည်း မဟာမိတ်အဖွဲ့ခေါင်းဆောင်ဖြစ်သည့် နင်ရီရှန်းက တောင်ပိုင်းကုန်းမြေတွင် သတင်းပေးအချို့ ထားရှိရန်နည်းလမ်းများကို မည်သည့်အတွက် မစဉ်းစားမိဘဲနေမည်နည်း။

တစ်စုံတစ်ယောက်ကသာ အခြေအနေကို လျစ်လျူရှုထားခဲ့လျှင် ဤစစ်ပွဲကို တိုက်ခိုက်နေရန်ပင် မလိုအပ်တော့ပေ။

ထိုသိုင်းပညာရှင်က သူ၏ခေါင်းကိုခါယမ်း၍ ပြောခဲ့၏။ "တောင်ပိုင်းကုန်းမြေကနေ ဘာသတင်းမှ ပြန်မရခဲ့ပါဘူး… အဆုံးမဲ့တောအုပ်က လျှို့ဝှက်သတင်းပေးတွေက အဲဒါကို ထောက်လှမ်းသိရှိခဲ့ပါတယ်… ဒါပေမဲ့ အထွတ်အထိပ်အဆင့် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် မဟာပုဂ္ဂိုလ်ငါးယောက်ရဲ့ အမြန်နှုန်းက တော်တော်လေးမြန်ဆန်နေခဲ့တယ်… သူတို့က ဒီသတင်းကို အချိန်မီ ပို့မပေးနိုင်ခဲ့ပါဘူး….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now