Chapter 498

1.2K 143 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(38)

Chapter-13

(ဒီနယ်မြေကို ငါတို့သိမ်းယူလိုက်ပြီ)

ကျင့်ရွှမ်၏ ယီယွမ်အပေါ် အထင်ကြီးသဘောကျမှုက နည်းနည်းနောနော မြင့်မားခြင်းမဟုတ်ပေ။

အမှန်တကယ်တွက်လည်း ယီယွမ်က ထိုအထင်ကြီးမှုနှင့် ကောင်းစွာထိုက်တန်ပေသည်။

အကယ်၍ ယီယွမ်က ခရမ်းနုရောင်စံအိမ်အဖွဲ့ကို ငြိမ်သက်တိမ်တိုက်အဖွဲ့၌ သုံးကြိမ်အနိုင်ယူခဲ့၍သာ မဟုတ်လျှင် ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးက တောင်ပိုင်းကုန်းမြေ၏ အခြေအနေများကို ခိုင်ခိုင်မာမာ ထိန်းချုပ်သွားနိုင်ပေမည်။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်များ ပေါ်ထွက်လာသည်နှင့် တောင်ပိုင်းကုန်းမြေ၏ အခြေအနေအားလုံးက အဆုံးသတ်သွားပေမည်။ သူတို့က မြောက်ပိုင်းကုန်းမြေကို အာရုံစိုက်ပြီး ကျူးကျော်နိုင်ကြပေလိမ့်မည်။

ထိုအချိန်ရောက်သည်အထိ မြောက်ပိုင်းကုန်းမြေမှ လူအများက ခရမ်းနုရောင်စံအိမ်အဖွဲ့မှာ ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ အကြွင်းအကျန်များ ဖြစ်နေကြောင်းကို သိရှိကြမည်မဟုတ်ပေ။

"ဟမ့်… အခုအချိန်မှာ ယန်းအာက သူတို့လက်ထဲမှာ ရှိနေသေးတယ်လေ… ဒီကိစ္စကို ဘယ်လိုလုပ်ပြီး ဖြေရှင်းမှာလဲ….."

မည်သည့်အတွက်ကြောင့်မှန်း မသိရသော်လည်း ကျင့်ရွှမ်စကားပြောသည်နှင့် ချင်ဟုန်ထောင်၏ ဒေါသများက ချက်ချင်းလျော့ကျသွားခဲ့၏။

"ဒါကို ဘယ်လိုလုပ်ပြီး ဖြေရှင်ရမှာလဲ… ဟုတ်လား… မင်းက ငြိမ်သက်တိမ်တိုက်အဖွဲ့ရဲ့ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် အကြီးအကဲတစ်ယောက်ကို ဖမ်းထားတယ်မဟုတ်ဘူးလား… သူ့ကို သူတို့အဖွဲ့ဆီ ပြန်လွှတ်ပေးလိုက်ရုံပဲလေ….." နင်ရီရှန်းက ပြောလိုက်သည်။

"ကောင်းပြီ… သူ့ကိုပြန်လွှတ်လိုက်မယ်… ဒါပေမဲ့ အရေးကြီးတဲ့ကိစ္စကို ငါမှာလိုက်ဦးမယ်… တကယ်လို့ ယန်းအာသာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ငါက သူတို့ကို အဆုံးသတ်ဖို့ စစ်တပ်တစ်ခု စေလွှတ်မယ်….." ချင်ဟုန်ထောင်က နက်မှောင်နေသော မျက်နှာဖြင့် ပြောဆိုခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now