Chapter 410

1.2K 152 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(32)

Chapter(8)

(တုတ်တစ်ချောင်းယူလာပြီး အပြစ်ပေးရန် တောင်းဆိုခြင်း)

ကျောက်ချန်ကန်း၏ နှလုံးသားက အလွန်ပြင်းထန်စွာ ခုန်နေခြင်းမှာ မည်သည့်အချိန်တွင်မှ ဖြစ်ပေါ်ဖူးခြင်းမရှိပေ။

သူ၏နှလုံးသားက ပေါက်ကွဲလုမတတ် ဖြစ်နေသည်ဟု ခံစားနေခဲ့ရသည်။

တိတ်ဆိတ်နေချိန်တွင် အသက်ရှူချိန် တစ်ကြိမ်စီတိုင်းက ကျောက်ချန်ကန်းအတွက် အချိန်တစ်နှစ်နှင့် တူညီနေခဲ့၏။

"ငါသိပြီးပြီ….." ထိုအေးစက်သောအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ကျောက်ချန်ကန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ချွေးများ ရွှဲနစ်နေခဲ့ပြီဖြစ်သည်။ "ကျေးဇူးပြုပြီး ပြစ်ဒဏ်ချမှတ်ပေးပါ… ခမည်းတော်… ကျွန်တော်မထင်ခဲ့… မထင်ခဲ့….."

"ဒီကိစ္စက မင်းကို ဒီအရှင်က ပေးအပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုပဲ… မင်းက ဒီနေရာကို ရောက်လာနိုင်တယ်ဆိုတော့ မင်းက စမ်းသပ်မှု အောင်မြင်သွားခဲ့ပြီ….."

ကျောက်ချန်ကန်းက ထိုစကားများကိုကြားသော် သူ၏နတ်ဘုရား စိတ်ဝိညာဉ်က သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားလုမတတ် ခံစားလိုက်ရ၏။ ထိုစကားများထက် ပို၍နားဝင်ချိုသော စကားများ မရှိတော့ပေ။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ တစ်ဦးတည်းသော အကန့်အသတ်မဲ့နယ်ပယ် ပုဂ္ဂိုလ်တစ်ဦးဖြစ်၍ အရူးတစ်ယောက်ပင် လေအင်ပါယာ၏ ခြိမ်းခြောက်မှုကို သိရှိနိူင်ပေသည်။

သို့သော် ကျောက်ချန်ကန်းက လေအင်ပါယာ၏ ခြိမ်းခြောက်မှုက သူ၏

ခွန်အားတစ်ခုတည်းကြောင့် မဟုတ်ကြောင်း သူကပို၍ သတိထားမိခဲ့ပေ၏။ ဤပုဂ္ဂိုလ်ကိုယ်တိုင်က ကြောက်စရာအကောင်းဆုံး ဖြစ်ပေသည်။

"ကျေးဇူးတင်ပါတယ် တော်ဝင်ခမည်းတော်….." ကျောက်ချန်ကန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now