Chapter 504

1.1K 138 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(39)

Chapter-5

(ပြိုင်ဖက်ကင်းသော)

ငြိမ်သက်တိမ်တိုက်အဖွဲ့ကို နောက်တစ်ကြိမ် ပြန်ရောက်လာရသည့်အတွက် မိန်ကျန်းက အမှန်တကယ်ပင် ဘဝသက်တမ်းတစ်ခုလုံး ကုန်ဆုံးသွားခဲ့သလို ခံစားလိုက်ရသည်။ 

အသင်္ချေဓားအဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရသည့်အချိန်မှသာ အတိတ်တစ်ချိန်က ငြိမ်သက်တိမ်တိုက်အဖွဲ့ ပျက်ဆီးလုနီးပါးဖြစ်ခဲ့ရခြင်းမှာ   အသင်္ချေဓားအဖွဲ့ကြောင့် ဖြစ်ကြောင်းကို မိန်ကျန်းက သိရှိခဲ့ရ၏။

သူ၏အဖွဲ့နာမည်ကို သူကသတင်းပို့ခဲ့ခြင်းက သူ့ကိုယ်သူ ကျားပါးစပ်အတွင်းသို့ ပို့မိခဲ့ခြင်းဖြစ်သည်။

သူဖမ်းဆီးထိန်းသိမ်းခံရသော ဤရက်အနည်းငယ်အတွင်း သူ၏သဘာဝစွမ်းအင်ကို ပိတ်ဆို့ခံခဲ့ရသည်သာမကဘဲ  အသင်္ချေဓားအဖွဲ့တွင် သူက အနိမ့်ကျဆုံးသော အလုပ်များကို လုပ်ကိုင်ခဲ့ရ၏။ ညစ်ပတ်သောအလုံးများနှင့် ပင်ပန်းလွန်းသောအလုပ်များကို သူက လုပ်ကိုင်ရပေသည်။

မူလတွင် သူက မကြာမီအချိန်အတွင်း နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခံရမည်ဟု ထင်ထားခဲ့၏။ ရက်ပေါင်းများစွာအကြာတွင် အသင်္ချေဓားအဖွဲ့က သူ၏ သဘာဝစွမ်းအင်များကို ပိတ်ဆို့ထားမှုအား ဖယ်ရှားပေးခဲ့ရုံသာမကဘဲ သူ့အတွက် စားကောင်းသောက်ဖွယ်များကိုပါ ထောက်ပံ့ပေးခဲ့မည်ဟု မည်သူက ထင်ထားမည်နည်း။

သူက အသင်္ချေဓားအဖွဲ့မှ ထွက်ခွာရန် လမ်းမမြင်ခဲ့သော်လည်း ယခင်ရက်များနှင့် နှိုင်းစာသော် ထိုအရာက ကောင်းကင်ဘုံတမျှ ခမ်းနားလှပေသည်။

လွန်ခဲ့သော နှစ်ရက်တွင် ဖူကျုံးဟူက သူ့ကို လာတွေ့ခဲ့ပြီး နူးညံ့ချိုသာသော လေသံဖြင့် သူ့ကို အဖွဲ့ဆီသို့ ကိုယ်တိုင်လိုက်ပို့ပေးမည်ဟု ပြောလာခဲ့၏။

ပထမတွင် မိန်ကျန်းက နားကြားမှားခဲ့သည်ဟုသာ ထင်မြင်ခဲ့သည်။ ထိုအရာက စနောက်ခြင်းမဟုတ်ကြောင်း သေချာသွားသည့်အချိန်၌ သူက အကြီးအကျယ် စိတ်လှုပ်ရှားသွားခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now