Chapter 430

1.1K 145 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(33)

Chapter-14

(အားလုံးတက်လာခဲ့ကြ)

"အားးးးး....."

နာကျင်လွန်းသော အော်သံတစ်ခုနှင့်အတူ လူငယ်သိုင်းပညာရှင်က ကျယ်လောင်သော အသံဖြင့် လဲကျသွားခဲ့သည်။

သို့သော် ဤအချိန်တွင် ထိုသိုင်းပညာရှင်က နောက်ထပ်နာကျင်စွာ အော်ဟစ်ရန်ပင် အချိန်မရှိတော့ဘဲ ချက်ချင်းပင် အသက်ရှူရပ်တန့်သွားခဲ့၏။

ယီယွမ်က သူ၏ပြိုင်ဖက် နတ်ဘုရားစိတ်ဝိညာဉ်ကို တိုက်ရိုက်ပင် အပြီးအပိုင် ချေမှုန်းလိုက်သည်။ နတ်ဘုရားစိတ်ဝိညာဉ် မပါရှိတော့၍ သိုင်းပညာရှင်က လူသေတစ်ယောက် ဖြစ်သွားခဲ့ပေ၏။

လူတိုင်းက တိတ်တဆိတ်ပင် ထိတ်လန့်သွားခဲ့ကြပြီး လေထုအခြေအနေက စောစောကနှင့် ကွာခြားသွားခဲ့ပြီဖြစ်ကြောင်း နားလည်သွားခဲ့ကြသည်။

"နောက်တစ်ယောက်" ယီယွမ်က အေးစက်စွာဖြင့် ပြောဆိုလိုက်၏။

ဤတစ်ကြိမ်တွင် နောက်ထပ် သိုင်းပညာရှင်တစ်ယောက်က ချက်ချင်း တက်လာရဲခြင်း မရှိခဲ့တော့ပေ။

ဟောင်ဝမ်ချိုး၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ၏ နည်းလမ်းများက ယီယွမ်ကို လုံးဝပင် ဒေါသထွက်သွားစေခဲပြီ

ဖြစ်ကြောင်း သူက သိရှိသွားခဲ့၏။ ထိုသို့မဟုတ်ခဲ့လျှင် သူက သတ်ဖြတ်သည့်အပြုအမူကို တိုက်ရိုက်ပြုလုပ်ခဲ့မည် မဟုတ်ပေ။

ယခင်အကြိမ်များက ယီယွမ်၏ တိုက်ခိုက်မှုများက သူ၏ပြိုင်ဖက်များကို သူတို့၏ တိုက်ခိုက်မှု စွမ်းရည်ကို ဆုံးရှုံးစေရန်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခြင်းမပြုခဲ့ပေ။

ထိုသိုင်းပညာရှင်များက သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်ကို ပြန်သွားပြီးနောက် အချိန်အနည်းငယ်ခန့် ပြန်လည်အားဖြည့်ပေးရုံဖြင့် အလွန်မြန်ဆန်စွာပင် ပြန်လည်

အားပြည့်လာပေလိမ့်မည်။

သို့သော်ယခု ယီယွမ်က ဤသို့သော ကောက်ကျစ်သည့် နည်းလမ်းများကို သတိပြုမိသွားသည့်အတွက် သူက နောက်ထပ် ထိုကိစ္စကို လွယ်ကူရှင်းလင်းသွားစေမည် မဟုတ်တော့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now