Chapter 586

1.1K 122 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(45)

Chapter-3

(တံခါး၌ နိဒါန်းပျိုးမြင်ရခြင်း)

"မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း….."

ယီယွမ်က သူ၏ သဘာဝစွမ်းအင် အကုန်လုံးကို ထုတ်လွှတ်လိုက်ပြီး ဤနှင်းဖုံးနေသောရေခဲပြင်ကို ခွဲခြမ်းရန် ကြိုးစားလိုက်သည်။

သို့ရာတွင် အားလုံးက အသုံးမဝင်ပေ။ သူ၏ မီးတောက်ရွေ့လျားမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက ရေမှုန်ရေမွှားတစ်စက်ပင် ဖြစ်မလာစေခဲ့ပေ။

သို့သော် ယီယွမ်က လက်လျှော့ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူက ဤသို့ဖြင့် လက်သီးချက်ပေါင်းများစွာကို တစ်ချက်ပြီးတစ်ချက် ထုတ်ဖော်လိုက်ကာ မီးပုံထဲသို့ဝင်တိုးသော ပိုးဖလံတစ်ကောင်ကဲ့သို့ သေရမည်မကြောက်ဘဲ
အေးခဲ၍ သေဆုံးသွားသည်အထိ လုပ်ဆောင်ခဲ့သည်။

ထို့နောက် နောက်ထပ်တစ်ကြိမ် ထပ်မံပြုလုပ်ခဲ့၏။

ယီယွမ်က သူအကြိမ်ပေါင်းမည်မျှ သေဆုံးခဲ့ပြီး လက်သီးချက်ပေါင်းမည်မျှ ထုတ်ဖော်ခဲ့သည်ကို မမှတ်မိနိုင်ခဲ့ပေ။

သူ၏လက်သီးချက် ထုတ်ဖော်လိုက်ချိန်တိုင်းတွင် သူက ပူပြင်းခြင်းအစစ်အမှန်အသိကို အကန့်အသတ်အထိ ထုတ်လွှတ်ခဲ့သည်။

"နောက်ထပ် နည်းနည်းလောက်ပဲ… နည်းနည်းဆိုမှ နည်းနည်းလေးပဲ….."

သူ၏ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထုတ်ဖော်ခဲ့သော လက်သီးချက်များက အလဟဿ မဟုတ်ခဲ့ပေ။ သူ၏အကန့်အသတ်အခြေအနေကို မရပ်မနား ဆက်လက်ထုတ်ဖော်ခြင်းက သူ၏ ပူပြင်းခြင်းအစစ်အမှန်အသိကို အသုံးချခြင်းအား ပို၍လေ့ကျင့်ပေးနေသလို ဖြစ်နေခဲ့၏။ နားလည်သဘောပေါက်မှုက ပို၍ပင် နက်ရှိုင်းလာခဲ့သည်။

ထို့ပြင် ယခု သူက အနိမ့်ဆုံးအကန့်အသတ်ကို တဖြည်းဖြည်းနှင့် ထိတွေ့လာခဲ့ပြီဟူ၍ ယီယွမ်က နောက်ဆုံး၌ ခံစားလာခဲ့ရ၏။

ဤသို့သောခံစားချက်က သူ့ကို စိတ်လှုပ်ရှားစေခဲ့သော်လည်း တစ်ချိန်တည်း၌ စိတ်ဓာတ်ကျစေခဲ့သည်။ သူက ပူပြင်းခြင်းအန္တိမအစစ်အမှန်အသိ၏ တံခါးဝက သူ၏ရှေ့၌ ရှိနေသလိုခံစားရ၍ စိတ်လှုပ်ရှားနေခဲ့ပြီး ထိုအကွာအဝေးက ကမ္ဘာအဆုံးကဲ့သို့ အလွန်ဝေးကွာနေပြီး အချိန်အတော်ကြာသည်အထိ ချိုးဖျက်တက်ရောက်နိုင်မည် မဟုတ်ကြောင်း ခံစားလိုက်ရ၍ စိတ်ဓာတ်ကျနေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now