Chapter 412

1.2K 148 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(32)

Chapter(10)

(လူအများကို ညှိုးငယ်စိတ်ဝင်စေသော နတ်ဘုရားသိုင်းပညာရပ်)

"ဟီးဟီး… ဆရာ့ရဲ့ အရေးယူမှုတွေက လေးစားစရာကောင်းပေမဲ့ ဂိုဏ်းတူညီငယ်လေးက ရလဒ်ကို အကောင်းဆုံး အသုံးချနိုင်တဲ့အစွမ်းက အံ့မခန်းပဲ… ထုံမိသားစုရဲ့ လျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားလိုက်နိုင်ရုံသာမက မင်းကိုယ်တိုင်အတွက် အသက်အာမခံတစ်ခု လုပ်ဆောင်ထားနိုင်ခဲ့တယ်… တကယ်ကို လေးစားစရာ ကောင်းပါတယ်….." ဒုတိယဂိုဏ်းတူအစ်ကို ထန်ကျစ်က ရယ်မော၍ ပြောဆိုလိုက်သည်။

"ဟားဟား… ဒုတိယဂိုဏ်းတူအစ်ကိုက တော်တော်ကြင်နာတာပဲ… ကျွန်တော်က အကျိုးအမြတ်အချို့ကို ရရှိသွားခဲ့ရုံပါပဲ… အဲဒီသတ္တမမင်းသားက ဒီလို အရှက်ရစရာ ကိစ္စတစ်ခုကို အရေးကြီးတဲ့ ရည်ရွယ်ချက် တစ်ခုအတွက် သည်းခံနိုင်ခဲ့ပြီးတော့ ဆူးခက်တွေပါတဲ့ သစ်ကိုင်းတွေ သယ်လာပြီး အပြစ်ဒဏ်ပေးဖို့ တောင်းဆိုမယ်လို့ ကျွန်တော်လည်း ထင်မထားခဲ့ပါဘူး….." ယီယွမ်က ရယ်မောပြောဆိုခဲ့၏။

"အင်း… အဲဒါက တကယ်ပဲ မျှော်လင့်ထားတာထက် ပိုလွန်သွားခဲ့တယ်… အဲဒီကလေးက ဘယ်အချိန်မှာ ရှေ့တိုးရမယ် ဘယ်အချိန်မှာ နောက်ဆုတ်ရမယ်ဆိုတာကို ကောင်းကောင်းသိတဲ့အပြင် သူ့ရဲ့ သိုင်းပညာစွမ်းအားက အလွန့်အလွန် မြင့်မားတယ်… တကယ်ပဲ အခြားမင်းသားတွေက သူ့ကို အဲဒီနေရာတွေမှာ  မယှဉ်နိုင်ကြဘူး… ခက်ထန်ကြမ်းကြုတ်ပြီး အကြံအစည်ကြီးမားတဲ့ လူတစ်ယောက်ပဲ… မတော်တဆ ဖြစ်မှုတွေ မရှိခဲ့ဘူးဆိုရင် နောက်တက်လာမှာဖြစ်တဲ့ လေအင်ပါယာက သူပဲဖြစ်လိမ့်မယ်… ဒါကြောင့် မင်းက အနာဂတ်မှာ ပိုပြီးဂရုစိုက်သင့်တယ် ဂိုဏ်းတူညီငယ်လေး… အဲဒီကောင်လေးက နောက်ကွယ်ကနေ လျှို့ဝှက်ကြံစည်တတ်တဲ့ အကျင့်အချို့ ရှိတယ်….." ရှစ်ဟောက်ရန်က သူ့ကို သတိပေးလိုက်သည်။

ဤတစ်ကြိမ် ဖြစ်ရပ်က လူတိုင်းအတွက် ကျောက်ချန်ကန်းအပေါ် နားလည်မှုအသစ်တစ်ခု ရရှိသွားစေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now