Chapter 548

1K 112 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-7

(ခေါင်းမာခြင်း)

"ဝူရွှမ်… ငါမင်းကိုမေးချင်တယ်… မင်းရဲ့ ဒီဖော်စပ်နည်းက ဘယ်ကနေရရှိလာခဲ့တာလဲ….." ဖူယွင်ကျင်းက မေးမြန်းလိုက်သည်။

ဝူရွှမ်က ဖူယွင်ကျင်းကိုမြင်သော် ပြောဆိုခဲ့၏။ "ဒီဖော်စပ်နည်းကို ပုဂ္ဂိုလ်ကြီးတစ်ယောက်က သင်ပေးသွားခဲ့တာလေ… ဖူယွင်ကျင်း… မင်းဒီလိုမေးတာ ဘာအဓိပ္ပာယ်လဲ….."

"ဟက်… ငါဘာပြောချင်တာလဲဆိုတာ မင်းက အခုထိမသိသေးဘူးလား… ဒီအင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာ ဖော်စပ်နည်းက ငါတစ်ယောက်တည်း ပိုင်ဆိုင်တဲ့ ဖော်စပ်နည်းဆိုတာ လူတိုင်းသိတယ်… မင်းက ဒီလိုလုပ်တာ မရိုးသားတာပဲ….." ဖူယွင်ကျင်းက မောက်မာသောအမူအရာတစ်ခုဖြင့် ပြောလိုက်သည်။

အမှန်တကယ်တွင် ဝူရွှမ်နှင့် ဖူယွင်ကျင်းတို့ကြား၌ ရင်းနှီးမှုအချို့ ရှိပေ၏။ သို့သော် ထိုရင်းနှီးမှုက မိတ်ဆွေအပေါင်းအသင်းများကဲ့သို့ ရင်းနှီးမှုမဟုတ်ပေ။ ဝူရွှမ်က ဖူယွင်ကျင်း၏ ဝိုင်ကို ရရှိရန်အတွက် အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့သည့်အတွက် ရရှိလာခဲ့သော ရင်းနှီးမှုတစ်ခုသာဖြစ်သည်။

သို့သော် ယခု ဝူရွှမ်၏ အပြုအမူများက ဖူယွင်ကျင်း၏ အကျိုးအမြတ်ကို ဖျက်ဆီးသွားခဲ့ပြီဖြစ်၏။ ဖူယွင်ကျင်းက ဤဖြစ်ရပ်ကို ထပ်ကာထပ်ကာ စဉ်းစားသော်လည်း လက်မခံနိုင်ပေ။ ထိုအရာကြောင့် သူက မေးခွန်းထုတ်လာခဲ့ခြင်းဖြစ်သည်။

အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာကို အများအပြား ထုတ်လုပ်နိုင်ပြီဆိုလျှင် ထိုအရာက ခိုင်မာလွန်းသော ငွေကြေးအရင်းအမြစ်တစ်ခု ဖြစ်လာပေမည်။ ဝိုင်တစ်စက်ချင်းစီက အလွန့်အလွန် တန်ဖိုးကြီးမားလာပေလိမ့်မည်။

အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာကို ကျိုချက်ရန်အတွက် ဖူယွင်ကျင်း၏ ကုန်ကျစရိတ်ကလည်း များပြားလှပေ၏။

သူ၏ ကိုယ်ပိုင်ဖြစ်သော အင်မော်တယ်အမှတ်ရခြင်း ကျောက်စိမ်းယမကာက အသုံးမဝင်တော့ပေရာ သူ၏စိတ်ထဲ၌ အကြီးအကျယ် လက်မခံနိုင်ဘဲ ဖြစ်နေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now