Chapter 552

1.1K 119 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(42)

Chapter-11

(ဆရာယီ)

မိုးမျှော်တိုက်ကြီးများကလည်း မြေပြင်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယီယွမ်က မှော်ဆေးပညာရှင်အင်ပါယာ အထွတ်အထိပ်အဆင့်ကို ရောက်ရှိလာခဲ့ခြင်းမှာ ကံကောင်းခဲ့၍ မဟုတ်ပေ။

မှော်ဆေးပညာတွင် သူက အခြေခံစွမ်းရည်များကို လေ့လာခဲ့မှုက လူအားလုံးကို ရှက်ရွံ့သွားစေနိုင်၏။ သူ၏ရှေ့မှောက်ရှိ မှော်ဆေးပညာရှင်များ အားလုံးတွင် ခွန်အားအမြင့်ဆုံးလူက မှော်ဆေးပညာရှင်ဧကရာဇ် နယ်ပယ်၌သာ ရှိနေခြင်းအတွက် ထည့်ပြောနေစရာပင် မလိုအပ်တော့ပေ။

ယီယွမ်၏ ခက်ခဲနက်နဲသော သီအိုရီများကို ရိုးရှင်းသော အကြောင်းအရာများ၌ ထင်ရှားအောင် ပြသခြင်းက ထိုမှော်ဆေးပညာရှင်အားလုံးကို ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။

ယီယွမ်၏စကားများကို နားထောင်လိုက်မှသာ သူတို့၏ လက်ရှိအချိန်အထိ လျှောက်လှမ်းလာခဲ့သော လမ်းကြောင်းမှာ ကြီးမားသော ကတော့ကြီးတစ်ခုနှင့် တူနေကြောင်း ထိုမှော်ဆေးပညာရှင်များက သိရှိသွားခဲ့ကြ၏။

သူတို့က အောက်ခြေမခိုင်ဘဲ ရှေ့ဆက်လာခဲ့ကြခြင်းဖြစ်သည်။

လက်ရှိအနေအထားသို့ ရောက်ရှိလာချိန်တွင် သူတို့က ကိစ္စပေါင်းမည်မျှအထိ လွဲချော်သွားခဲ့သည်ကို နတ်ဘုရားမှပင် သိနိုင်ပေ၏။

ယီယွမ်၏ သင်ခန်းစာပို့ချမှုကို ကြားလိုက်ရသော် သူတို့က အဆင့်(1)ဆေးလုံးများကို ဖော်စပ်သည့် နည်းလမ်းများအား နောက်ထပ်တစ်ကြိမ် ပြန်လည်လေ့လာရန်အတွက် ချက်ချင်းပြန်သွားလိုစိတ်များ ပေါ်လာခဲ့ကြသည်။

ယီယွမ်၏ အဆင့်ဖြင့် ဤအခြေခံသီအိုရီများကို ရှင်းပြခြင်းကပင် ထိုလူများအတွက် မရေမတွက်နိုင်သော အကျိုးကျေးဇူးများ ရရှိကြရန် လုံလောက်နေပြီဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now