Chapter 540

1.1K 126 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-13

(တစ်ယောက်၏ ဦးခေါင်းကို နှိမ့်ချပေးရခြင်း)

ထိုသို့ပြောဆိုပြီးနောက် ရှုကျိဟွေက ယီယွမ်ဆီသို့ တစ်ချက်ခိုးကြည့်လိုက်သောအခါ ယီယွမ်ထံ၌ မကျေနပ်သောအမူအရာ မရှိကြောင်း တွေ့လိုက်ရသည်။

ရှုကျိဟွေက သတ္တိမွေး၍ ပြောလိုက်၏။ "အဆုံးမှာတော့ မင်းက သွေးချင်းသားချင်းပဲ… မြို့ပိုင်အရှင်သခင်က အမှားအားလုံး လုပ်ဆောင်ခဲ့ရင်တောင် သူက မင်းအဖိုးဖြစ်နေတဲ့အချက်ကို ပြောင်းလဲလို့မရဘူး… မင်းတို့အားလုံးက တစ်မိသားစုထဲကဖြစ်နေတာကို ဘာလို့ ဒီလိုအခြေအနေမျိုးဖြစ်အောင် ဆက်လုပ်နေကြမှာလဲ… သူက ဘာပဲလုပ်နေလုပ်နေ သူ့ရဲ့မူလရည်ရွယ်ချက်က ရန်မိသားစုအတွက်ပဲ မဟုတ်ဘူးလား….."

သို့သော် ရန်ရှင်းချွန်းက ထိုစကားကိုကြားသော် ဒေါသထွက်သွားခဲ့၏။ "ရှုကျိဟွေ… အခြားသူတွေရဲ့ ကိစ္စကို ပါဝင်ပတ်သက်ဖို့ မင်းမှာ ဘာအကြောင်းရှိလို့လဲ… မြို့ပိုင်အရှင်သခင်ရဲ့ အမှားအမှန်ကို မင်းက ဘာဝင်ပြောစရာလိုလဲ….."

ရန်ရှင်းချွန်းက ရှုကျိဟွေကို အလွန်အရေးပေးပေသည်။ ထိုသို့မဟုတ်ပါက စောစောလေးမှရိုက်ချက်တွင် ရှုကျိဟွေက အနောက်ဘက်နိဗ္ဗာန်သို့ ရောက်ရှိနေခဲ့ပြီသာ ဖြစ်၏။

သို့သော် သူ့ကို မည်မျှပင် အရေးပေးစေကာမူ ရှုကျိဟွေက သူ၏နောက်လိုက်သာ ဖြစ်ပေသည်။

နောက်လိုက်တစ်ယောက်က သူ၏သခင် အမှားအားလုံးပြုလုပ်ခဲ့သည်ဟု သူ့သခင်၏ရှေ့တွင်ပင် ပြောဆိုလိုက်ရာ ရန်ရှင်းချွန်း၏ စိတ်နေစိတ်ထားအရ ထိုအရာကို မည်သည့်အတွက် လက်ခံနိုင်မည်နည်း။ 

ယီယွမ်က ရှုကျိဟွေကို အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။ "တွေ့တယ်နော်… သူက အစ်ကိုကျိဟွေရဲ့ ကြင်နာမှုကို ဂရုမစိုက်ဘူး….."

သို့သော် ရှုကျိဟွေက ရှက်ရွံ့သွားသော အမူအရာမျိုးမရှိဘဲ သူ၏ခေါင်းကို ခါယမ်း၍ ပြောခဲ့သည်။ "မြို့ပိုင်အရှင်သခင်ရဲ့ စိတ်နေစိတ်ထားကို ငါသိပြီးသားပါ… ငါ့ရဲ့အသက်ကို မြို့ပိုင်အရှင်သခင်က ပေးထားခဲ့တာပဲ… သူက ငါ့ရဲ့ကြင်နာမှုကို လက်ခံတာ လက်မခံတာက သူ့ရဲ့ပြဿနာပဲ… ယီယွမ်… မင်းက ငါ့ကို ကောင်းမွန်တဲ့ အမြင်ရှိပြီးတော့ အစ်ကိုကျိဟွေလို့ ငါ့ကို ခေါ်နေမှတော့ တကယ်လို့ ငါသေရမယ်ဆိုရင်တောင် မင်းတို့မြေးအဖိုးနှစ်ယောက် ရန်သူတွေဖြစ်သွားမှာကို ငါမမြင်ချင်ဘူး….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now