Chapter 587

1.3K 127 6
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(45)

Chapter-4

(လက်ဝါးသုံးချက်)

နှလုံးသားအဆင့်က လူတစ်ယောက်အတွက် တိုက်ခိုက်မှုစွမ်းအားအရာ၌ တိုက်ရိုက်ပါဝင်ပတ်သက်မှုမျိုး မရှိပေ။ သို့သော် ထိုအရာ၏ အကူလုပ်ငန်းက အလွန်အစွမ်းထက်ပေသည်။

လက်ရှိအချိန်အထိ ရေကဲ့သို့တည်ငြိမ်သော နှလုံးသားအဆင့်က သူ့ကို အကြိမ်ပေါင်းမည်မျှအထိ ကူညီခဲ့သည်ကို နတ်ဘုရားမှပင် သိနိုင်ပေလိမ့်မည်။

သဘာဝစွမ်းအင်နယ်ပယ် မြင့်တက်မှုက ယီယွမ်အတွက် ခက်ခဲသောအရာတစ်ခု မဟုတ်ပေ။ သို့သော် နှလုံးသားအဆင့်က မတူပေ။

ကောင်းကင်၏အလိုကို ဆန့်ကျင်နေသော ကံကောင်းမှုနှင့် တွေ့ကြုံရခြင်းမရှိလျှင် ကျောက်သားကဲ့သို့ ကျစ်လျစ်ခိုင်မာသော နှလုံးသားအဆင့်ကို တက်ရောက်ရန် အလွန်ခက်ခဲသည်ဆိုခြင်းအား သူက သိရှိပေ၏။

အကယ်၍ စာလုံးကိုးခု အစစ်အမှန်လောကကျမ်းက နှလုံးသားအဆင့်ကို အမှန်တကယ် တက်ရောက်စေနိုင်လျှင် ထိုအရာ၏ အကျိုးသက်ရောက်မှုက ကြီးမားလှသည်။

သို့သော် ဤအရာက ယီယွမ်၏ ခန့်မှန်းချက်များသာ ဖြစ်ပေ၏။ သူက "လင်း"စာလုံးကိုသာ လေ့လာသုံးသပ်ခဲ့ပြီး ပထမလက်ဟန်ကိုပင် ဖြစ်ပေါ်စေနိုင်ခြင်း မရှိခဲ့ပေ။ အဆင့်ချိုးဖျက်တက်ရောက်ရန်မှာ မည်သည့်အတွက် လွယ်ကူနိုင်မည်နည်း။

သို့ရာတွင် ဆက်လက်လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ရှိနေခဲ့ပြီဖြစ်ရာ သူက တစ်နေ့နေ့တွင် အောင်မြင်နိုင်မည်ဟူ၍ ယုံကြည်ပေသည်။

ဤအခိုက်အတန့်တွင် ယီယွမ်၏ အမြင်အာရုံက ရုတ်တရက် မှုန်ဝါးသွားခဲ့ပြီး သူက အမွေအနှစ်နယ်မြေမှ တိုက်ရိုက်ထုတ်ပယ်ခြင်း ခံလိုက်ရ၏။ ထိုအရာက အချိန်ပြည့်သွားခဲ့ခြင်း ဖြစ်ပေသည်။

ဤတစ်ကြိမ် သူ၏ ဆင်ခြင်သုံးသပ်မှုကြောင့် အချိန်ဆယ်ရက်က မျက်စိတစ်မှိတ်အချိန်အတွင်း ကျော်ဖြတ်သွားခဲ့ပြီဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now