Chapter 402

1.3K 162 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၃၁ )

Chapter-13

(ဒါကြောင့် ဝမ်းနည်းပါတယ်)

ဤအရာက ပွင့်ဖတ်တစ်ထောင် စီးဆင်းခြင်း "ခေါင်းဖြတ်ကွပ်မျက်ခြင်း" နည်းစနစ်ဖြစ်သည်။

ယီယွမ်က ဤသိုင်းကွက်ကို ဖနတီးခဲ့ရာတွင် တစ်နေ့၌ ဤသိုင်းကွက်ကို သူကိုယ်တိုင် အသုံးပြုရမည်ဟု မည်သည့်အချိန်ကမှ တွေးထားခဲ့ခြင်းမရှိပေ။

မူလက ဆက်ကြောင်းများ ထိစပ်နေသော အခြေအနေများကို မမျှော်လင့်သည်အချိန်တွင် မြင်တွေ့သွားခဲ့မည်ဟု လုံးဝထင်မထားခဲပေ။

သို့သော် ယီယွမ်က နောက်ထပ်တစ်ကြိမ် ရွေးချယ်မှုပြုလုပ်ရဦးမည် ဆိုလျှင် သူက သူ၏အဖွဲ့သားများကို ကယ်ဆယ်ရန်အတွက်

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးကို နောက်တွန့်ခြင်းမရှိဘဲ ဝင်လာဦးမည်သာ ဖြစ်ပေ၏။

မည်သည့်နေရာတွင် တရားမျှတမှု တည်ရှိနေပါစေ။ အကယ်၍ သင်က အနှောင့်အယှက်များ သန်းချီ၍ ရင်ဆိုင်ကြုံတွေ့ရလျှင်ပင် လျှောက်လှမ်း၍

ရှာဖွေသင့်ပေသည်။

သူ့ကိုယ်သူ များပြားသော ပွင့်ဖတ်များ၏ ဝန်းရံမှုကို ခံထားရခြင်းအား ကြည့်ရှုပြီးနောက် ယီယွမ်က အမှုမဲ့အမှတ်မဲ့ပင် ခါးသီးသောအပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။

ပြန်လည်ဝင်စားလာပြီးနောက် တစ်နှစ်ခန့်သာ ကြာမြင့်ချိန်တွင် သူကနောက်တစ်ကြိမ် သေဆုံးရပေတော့မည်။

သူ၏အတိတ်ဘဝတွင် သူက ကံကောင်းထောက်မ၍ အသက်ရှင်နိုင်ခဲ့ခြင်း မဟုတ်ဘဲ သူ၏ဖခင် ဂျိကျန်းယန်က သူ့ကို ကာကွယ်ပေးခဲ့၍ လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။

ယီယွမ်က သူ၏မျက်လုံးများကိုမှိတ်၍ သေခြင်းတရားကို စောင့်ဆိုင်းနေချိန်တွင် လေပြည်တစ်ချက် တိုက်ခတ်လာခဲ့ပြီး သူ၏ပွင့်ဖတ်တစ်ထောင် စီးဆင်းခြင်းကို အပြည့်အဝ ဖယ်ရှားပေးသွားခဲ့၏။

ယီယွမ်၏ အမူအရာက ကူရာကယ်ရာမဲ့စွာဖြင့် ပျက်ယွင်းသွားခဲ့ပြီး အေးစက်စွာဖြင့် မေးမြန်းလိုက်သည်။ "ဒါကဘာသဘောလဲ အရှင်ကြယ်တာရာချောက်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Waar verhalen tot leven komen. Ontdek het nu