Chapter 507

1.1K 130 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(39)

Chapter-8

(တော်တော်လွယ်တယ်)

ရန်တုံက အလွန်အမင်း မကျေမနပ် ဖြစ်သွားခဲ့၏။ ဤလူများက သူ့ကို သူတို့ကြိုက်သလို သဘောထား၍ ဆက်ဆံနေခဲ့ကြသည်။

ဝူဖန့်မြို့တွင် မည်သည့်နေရာသို့ သူသွားနေပါစေ သူကအမြဲတမ်း အာရုံစိုက်ခံရလေ့ ရှိ၏။ သူက ဤကဲ့သို့ လူများ၏ အထင်သေးခြင်းကို မည်သည့်အချိန်တွင်မှ မခံစားခဲ့ရပေ။

"ဟက်… ရုပ်ဆိုးဆိုးမိန်းကလေး နှစ်ယောက်ပါပဲ… ငါက အဲဒီလိုမပြောရဘူးလား… ငါ့ကို အဲဒီအတွက် စိန်ခေါ်ချင်တာပေါ့… ကောင်းပြီလေ… ငါမင်းကို အဲဒီအခွင့်အရေးပေးမယ်… ဒီနေ့ ငါက မှော်ဆေးပညာရှင် အစည်းအရုံးမှာ စာမေးပွဲသွားဖြေမလို့… ဘယ်သူ့ရဲ့ ဆေးလုံးက ပိုပြီးအစွမ်းထက်သလဲဆိုတာ ယှဉ်ပြိုင်ကြတာပေါ့….."

ယီယွမ်က တည်ငြိမ်သော အကြည့်ဖြင့်ကြည့်၍ ပြောဆိုလိုက်သည်။ "ဘယ်လိုမျိုး
ယှဉ်ပြိုင်ချင်တာလဲ….."

"စစ်ဆေးခြင်းကိုပြောရရင် ငါတို့က တူညီတဲ့ဆေးလုံးတစ်မျိုးကို ဖော်စပ်ကြမယ်… ဘယ်သူ့ဆေးလုံးက စွမ်းရည်ပိုမြင့်နေပါစေ အဲဒီလူက အနိုင်ပဲ… တကယ်လို့ အဆင့်တူနေခဲ့မယ်ဆိုရင် ငါက မှော်ဆေးပညာရှင် အစည်းအရုံးရဲ့ အကြီးအကဲတွေ ဖိတ်ကြားပြီးတော့ ဘယ်သူ့ဆေးလုံးက ပိုအဆင့်မြင့်လဲဆိုတာ ဆုံးဖြတ်ခိုင်းမယ်….."

ရန်တုံက မှော်ဆေးပညာရှင် အစည်းအရုံး၏ အကြီးအကဲများကို သူသိထားကြောင်း အခြားသူများ မသိမည်ကို စိုးရိမ်ဟန်ဖြင့် အလွန်ဂုဏ်ယူစွာပင် ပြောဆိုခဲ့၏။

ယီယွမ်က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။ "ခင်ဗျားပြောသလို လုပ်တာပေ့ါ….."

. . . . . .

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးမှ မှော်ဆေးပညာရှင်အစည်းအရုံး ဌာနချုပ်မှာ ဗဟိုမြို့တော်တွင် ရှိပြီး အဆုံးမဲ့ကမ္ဘာကြီး၏ မှော်ဆေးပညာရှင်အစည်းအရုံး ဌာနချုပ်က ဝူဖန့်မြို့တွင် ရှိသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now