Chapter 481

1.1K 147 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(37)

Chapter-10

(အမှန်တရားက အလင်းထဲသို့ ရောက်လာခြင်း)

"အ… အပြည့်အဝ နားလည်သဘောပေါက်ခဲ့တာလား….."

လီကျွင်းကျဲက အေးစက်သော ရေချိုးစည်ပိုင်းတစ်ခုဖြင့် ပက်ခြင်းခံလိုက်ရသလို ချက်ချင်းပင် အေးစက်သွားခဲ့သည်။

သူက ချင်ယန်းကို ကြည့်လိုက်၏။ ချင်ယန်းက ခေါင်းညိတ်၍ ပြောပြခဲ့သည်။ "သူ့ရဲ့ မိုးပြာရောင်ငှက်ယန်ဓားသိုင်း ဓားအသိက မူလအစကို ပြန်ရောက်ခြင်းအဆင့် ရောက်ရှိနေပြီ… မင်းက သူ့ကို အနိုင်မယူနိုင်တော့ဘူး… ဒီလောက် နှစ်တွေအများကြီး ကုန်ဆုံးလာတဲ့အခါကျမှ ငြိမ်သက်တိမ်တိုက်အဖွဲ့က ဒီလိုလူတစ်ယောက်ကို တကယ်မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး….."

စကားအဆုံးတွင် ချင်ယန်းက ယီယွမ်ကို အမျိုးအစားခွဲခြားမရသော အမူအရာတစ်ခုဖြင့် ကြည့်၍ ပြောလိုက်၏။ "လူရမ်းကား… ကျားကိုစားချင်လို့ ဝက်တစ်ကောင်အဖြစ် ဟန်ဆောင်တဲ့ပုံက တကယ် ကောင်းလွန်းပါတယ်….."

"ကျားကိုစားချင်လို့ ဝက်တစ်ကောင်အဖြစ် ဟန်ဆောင်တယ် ဟုတ်လား… ဟားဟား… မင်းတို့လိုလူတွေနဲ့ ရင်ဆိုင်တဲ့အရာမျိုးကို ကျားကိုစားချင်လို့ ဝက်တစ်ကောင်အဖြစ် ဟန်ဆောင်တယ်လို့ ပြောတဲ့စကားနဲ့ အစားထိုးသုံးဖို့ လိုအပ်လို့လား….." ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောဆိုခဲ့သည်။

ချင်ယန်း၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားခဲ့၏။ ယီယွမ်၏ စကားကို သူက အလွန်အမင်း မကျေမနပ် ဖြစ်သွားခဲ့ပေသည်။

အသင်္ချေဓားအဖွဲ့ ဂျူနီယာမျိုးဆက်၏ နံပါတ်တစ်ဖြစ်၍ ချင်ယန်းက မည်သည့်နေရာသို့ သွားရောက်ပါစေ လေးစားမှုနှင့် ချီးကျူးမြှောက်ပင့်သံများကိုသာ ကြားရလေ့ရှိ၏။ ယနေ့ သူက ကလေးတစ်ယောက်၏ နှိမ့်ချဆက်ဆံခြင်းကို အမှန်တကယ် ခံစားလိုက်ရသည်။

ချင်ယန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပြီး ပြောဆိုခဲ့၏။ "ကောင်လေး… မင်းက အစစ်အမှန်အသိကို နားလည်သဘောပေါက်ခဲ့လို့ မောက်မာဝံ့ကြွားနိုင်ပြီလို့ မထင်လိုက်နဲ့… လူတစ်ယောက်ထက် သန်မာတဲ့လူတစ်ယောက်က အမြဲတမ်း ရှိနေတယ်ဆိုတာ မင်းသိဖို့လိုအပ်တယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now