Chapter 532

1.1K 145 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-5

(အဆုံးမဲ့မဟာမိတ်အဖွဲ့)

စောစောလေးက မိုင်ထောင်ပေါင်းများစွာအတွင်း တိမ်ကင်းစင်နေခဲ့သည်။ ချက်ချင်းပင် မိုးရွာသလို ဖြစ်လာခဲ့၏။

ချီဟိုင်က ကျယ်လောင်စွာ ရယ်မောပြီးနောက် အဓိကခန်းမအတွင်း၌  အခြေအနေက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ကြောက်စရာကောင်းသော ဖိအားတစ်ခုက လူတိုင်းအပေါ်သို့ ကျရောက်လာခဲ့ပြီး ဤဖိအား၏ အလယ်ဗဟိုက ဝူရုန်ဖြစ်နေခဲ့၏။

ယီယွမ်က ဤဖိအားကို အာရုံခံမိချိန်တွင် သူ၏ခေါင်းကို အလိုအလျောက်ပင် တိတ်တဆိတ် ခေါင်းညိတ်ခဲ့သည်။ ချီဟိုင်က အဆုံးမဲ့ကမ္ဘာကြီး၏ နယ်မြေသခင်ဟူသော အဆင့်အတန်းနှင့် ကောင်းစွာထိုက်တန်ပေ၏။ ဤခွန်အားက အကန့်အသတ်မဲ့နယ်ပယ်၏ တံခါးဝသို့ ခြေလှမ်းဝက်ခန့်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သူက မိုးကောင်းကင်စစ်ဆေးခြင်း ရောက်ရှိလာသည်ကို စောင့်ဆိုင်းရန်သာလိုအပ်ပြီး ဟင်းလင်းပြင်ကိုချိုးဖျက်၍ နတ်ဘုရားနယ်မြေသို့ တက်ရောက်နိုင်တော့မည် ဖြစ်၏။

သို့ရာတွင် မိုးကောင်းကင်စစ်ဆေးခြင်းကို ကျော်ဖြတ်ရန် လုံးဝမလွယ်ကူပေ။ သတိတစ်ချက်လွတ်သည်နှင့် ပျက်စီးသွားပြီး တာအိုပါ ပျောက်ကွယ်သွားရပေမည်။

ဝူရုန်က ဤဖိအားကို ခံစားလိုက်ချိန်၌ သူ၏ မျက်နှာအမူအရာက ကူရာကယ်ရာမဲ့စွာဖြင့် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

"လူအိုကြီးဟိုင်… ခင်ဗျားက ဒီနေရာမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ….."

ချီဟိုင်က မည်သည့်အရာကိုမှ ရှင်းမပြခဲ့ဘဲ လက်တစ်ဖက်ကို အသာမြှောက်၍ ဝူရုန်ကို ချက်ချင်း ရိုက်နှက်လိုက်ပေ၏။

ဝူရုန်က အံကိုတင်းတင်းကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ပြောဆိုခဲ့သည်။ "အဖိုးကြီးချီဟိုင်… ကျုပ်က ခင်ဗျားနဲ့ တိုက်ခိုက်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now