Chapter 559

1K 126 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-4

(မင်းကဘာလို့ အခုမှရောက်လာတာလဲ)

ယီယွမ်၏ မေးခွန်းကိုကြားသော် ကောထောင်ချွင်က ကူရာကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားခဲ့သည်။

"ဒါက… ငါလည်းမသိဘူး… ဖြစ်နိုင်တာက… ဒီနေရာမှာရှိတဲ့ ဒီမွန်းသားရဲတွေအားလုံးကို သတ်ပစ်ဖို့ ဘယ်သူမှ သတ္တိမရှိတာဖြစ်လိမ့်မယ်… ဒီမွန်းသားရဲတွေက ခန္ဓာကိုယ်အစစ်အမှန် မရှိပေမဲ့ အစစ်အမှန် ဒီမွန်းသားရဲတွေထက် နည်းနည်းလေးမှ ခွန်အားမနိမ့်ကျဘူး… ဒီအဆုံးမရှိတဲ့ ဒီမွန်းသားရဲတွေက ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် တစ်ယောက်ရဲ့ခွန်အားမျိုး မရှိဘူးဆိုရင် ဒီမွန်းသားရဲတွေအားလုံးကို သတ်ဖြတ်ဖို့ ဘယ်သူကမှ ဒီနေရာမှာနေရစ်ရဲမှာ မဟုတ်ဘူး….."

ယီယွမ်၏မေးခွန်းကို ဖြေဆိုရန်ခက်ခဲသည်ဟူ၍ ကောထောင်ချွင်က ခံစားလိုက်ရသော်လည်း သူက ထိုအတိုင်း ဖြေကြားခဲ့၏။

ယီယွမ်က ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ မပြောခဲ့ပေ။

သူက စောစောလေးတွင် ဒီမွန်းသားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်ပြီး ဤနေရာရှိ ဒီမွန်းသားရဲများက အစစ်အမှန်မဟုတ်ဘဲ စွမ်းအင်တစ်မျိုးမှ ဖြစ်ပေါ်လာခဲ့သည်ဟူ၍ ခံစားမိခဲ့သည်။

သို့သော် သူသတ်ခဲ့သော ဒီမွန်းသားရဲ၏ ခွန်အားက အဆင့်(2) ဒီမွန်းသားရဲများထက် အနည်းငယ်မျှပင် အင်အားနိမ့်ကျခြင်းမရှိပေ။

အကယ်၍ ဤဒီမွန်းသားရဲများကသာ များပြားသောအရေအတွက်တစ်ခုသို့ ရောက်ရှိသွားခဲ့လျှင် စိတ်ဝိညာဉ်ပင်လယ်နယ်ပယ် ထူးချွန်သူများပင် ထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်ပေ။

"သူတို့အားလုံးက အတွင်းပိုင်းနယ်မြေကို ရောက်သွားကြပြီ… သွားကြရအောင်….." ယီယွမ်က ပြောလိုက်၏။

ကောထောင်ချွင်က ကပျာကယာပင် နောက်ကလိုက်လာပြီး ယီယွမ်ကို ပြောဆိုခဲ့သည်။ "ဂျူနီယာညီလေးယီ… ပထမအလွှာကို တက်ရောက်ဖို့က တော်တော်လွယ်ကူတယ်… ငါတို့က ပထမအလွှာကို ဘယ်သူအရင်ဖြတ်ကျော်မလဲဆိုတာ ငါတို့ယှဉ်ပြိုင်ကြမလား….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now