Chapter 541

1.1K 128 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(41)

Chapter-14

(ချောင်မိသားစု၏ ပူပင်သောက)

"မင်းဘာပြောလိုက်တာလဲ… ယီယွမ်က ရန်ရှင်းချွန်းရဲ့မြေး ဟုတ်လား….."

ဤနှစ်ရက်အတွင်း ယီယွမ်က ရန်ရှင်းချွန်း၏ မြေးဖြစ်သည်ဆိုသော သတင်းက ဝူဖန့်မြို့တွင် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။ ချောင်မိသားစုက ပုံမှန်အားဖြင့် ဤသတင်းများကို ကောင်းစွာသိရှိခဲ့သော ပထမအဖွဲ့မှ မိသားစုများထဲတွင် ပါဝင်ပေ၏။

ချောင်ကျန်းက ထိုသတင်းကိုကြားသော် သူ၏မျက်နှာပေါ်၌ စိုးရိမ်ထိတ်လန့်မှုများ ပေါ်လွင်နေခဲ့သည်။

ဤသတင်းက သူ့အတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

ယီယွမ်က မည်မျှအထိ မွန်းစတားဆန်သည်ကို ချောင်ကျန်းက မြည်းစမ်းခဲ့ရပြီးဖြစ်၏။

မေးခွန်းတစ်ထောင်နံရံတွင် ယီယွမ်၏ စွမ်းဆောင်ရည်က ချောင်ကျန်းကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ထိခိုက်သွားစေခဲ့သည်။

မူလတွင် ထက်မြက်သောကျောက်စိမ်းဂေဟာ၌ ယီယွမ်ကို ရန်ရှင်းချွန်းက တားဆီးခဲ့သည့်အတွက် ချောင်ကျန်းက ပြောပြ၍မရလောက်အောင် ဝမ်းသာသွားခဲ့၏။ အခြေအနေက အကြီးအကျယ်ပြောင်းလဲသွားမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ ရန်မိသားစုမှ ရုတ်တရက်ထွက်ပေါ်လာသည့် သတင်းမှာ ယီယွမ်က ရန်ရှင်းချွန်း၏ မြေးဖြစ်သည်ဆိုခြင်းပင် ဖြစ်သည်။

ယီယွမ်၏ ကျင့်စဉ်နယ်ပယ်က မြင့်မားခြင်းမရှိသော်လည်း ပြဿနာပေးနိုင်သော လူတစ်ယောက်ဖြစ်သည်မှာ သံသယဝင်စရာမလိုပေ။ သူ၏ မှော်ဆေးပညာ ဗဟုသုတက အလွန်အမင်း ကြောက်စရာကောင်းနေသည့်အပြင် သူက အဖွဲ့ကြီးသုံးဖွဲ့၏ ထောက်ခံမှုကို ရရှိထားသည်သာမကဘဲ ချီဟိုင်ကပါ သူ၏နောက်တွင် ရှိနေခဲ့၏။ သူ့ကို မည်သူကမှ ဖယ်ရှားနိုင်တော့မည် မဟုတ်ပေ။

ထိုသို့သောလူတစ်ယောက်က ရန်မိသားစု၏ မိသားစုဝင်တစ်ယောက် ဖြစ်လာခဲ့သည်။ ဤအရာက ချောင်မိသားစုအတွက် အလွန်ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now