Chapter 453

1.2K 141 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(35)

Chapter-9

(အဖွဲ့ ကသောင်းကနင်းဖြစ်မှု)

"အကြီးအကဲမိန်….."

လူတိုင်းက မိန်ကျန်းကိုမြင်သော် အပျော်လွန်သွားခဲ့ကြသည်။

ယီယွမ်ကိုယ်တိုင်ပင် မည်သို့ဖြစ်ပျက်သွားသည်ကို သိရှိလိုခဲ့၍ ယွဲ့မုန့်လီကို တစ်ချက်လှမ်းကြည့်လိုက်၏။

သို့သော် သူက ထိုသို့ကြည့်လိုက်သည်နှင့် ထိတ်လန့်သွားခဲ့ပြီး ထခုန်လိုက်မိသည်။ ယွဲ့မုန့်လီက ထိုဖြူဖပ်ဖြူရော် မျက်နှာနှင့် ရုပ်ဆိုးသောမိန်းကလေးအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့၏။ ထို့ပြင် သူမ၏ ကျင့်စဉ်နယ်ပယ်က စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

ယီယွမ်က သူ၏ စီနီယာများနှင့် စောစောက ပြန်လည်ဆုံစည်းခဲ့၍ မည်သည့်အချိန်က ယွဲ့မုန့်လီ ထိုသို့ပြောင်းလဲသွားခဲ့သည်ကို အမှန်တကယ် မသိရှိခဲ့ပေ။

သို့သော် ယွဲ့မုန့်လီက သူမ၏ အစစ်အမှန်ပုံစံ ပေါ်ထွက်သွားရန် ဆန္ဒမရှိခဲ့ခြင်းကို ကောင်းစွာ သတိထားမိခဲ့၏။

ယီယွမ်၏ စီနီယာများက သေခြင်းရှင်ခြင်း အခြေအနေများကို အကြိမ်များစွာ တွေ့ကြုံခဲ့ရပြီး နတ်ဘုရားစိတ်ဝိညာဉ်ကိုပင် အခြားသူများက အချုပ်အနှောင်များ ထည့်သွင်းခံခဲ့ရသည်။ ဤရုပ်ဆိုးဆိုးကောင်မလေးကို သူတို့က တစ်ကြိမ်ဆုံတွေ့ခဲ့ဖူးသည့် အကြောင်းအား မည်သည့်အတွက် မှတ်မိနိုင်မည်နည်း။

ယွဲ့မုန့်လီက ပြောလိုက်သည်။ "ဆရာယီက လေအင်ပါယာကို ရင်ဆိုင်နေတဲ့အချိန်မှာ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးက တော်ဝင်နန်းတော်ကို လျှို့ဝှက်ဝင်ရောက်ပြီး အကြီးအကဲမိန်ကို ကယ်ဆယ်ခဲ့ပြီး ကျွန်မလက်ထဲကို ထည့်ပေးခဲ့တာပါ….."

ယွဲ့မုန့်လီက သူမကိုယ်သူမ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် ပြောင်းလဲပြောဆိုခဲ့ပြီး လက်ရှိသူမကို သာမန်သိုင်းပညာရှင်

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now