Chapter 564

1K 127 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(43)

Chapter-9

(တမင်တကာ ရည်ရွယ်ပြုလုပ်ခြင်း)

"နောက်ထပ်တစ်ခါ လူဟုန်ပဲလား… သူက တတိယအလွှာကို ပထမဆုံး ရောက်ရှိသွားပြန်ပြီ….."

"ဒီလူဟုန်က တော်တော် အစွမ်းထက်တာပဲ… အဖွဲ့ကြီးသုံးဖွဲ့ရဲ့ တပည့်ခေါင်းဆောင်တွေကို နှစ်ကြိမ်တိုင်တိုင် အသာစီးရယူပြီးတော့ နောက်ထပ်အလွှာတစ်ခုကို ပထမဆုံး ရောက်ရှိခဲ့တဲ့သူ ဖြစ်လာခဲ့တယ်….."

"ဒီလူဟုန်ရဲ့ နောက်ခံအသိုင်းအဝိုင်းက ဘာများလဲ… ဒီလောက်အထိတောင် အစွမ်းထက်နေတယ်ပေါ့….."

"အတိအကျပြောရရင် သူက အဖွဲ့လေးတစ်ဖွဲ့ကနေ ထွက်လာတာပဲ… ဒါပေမဲ့ သူရဲ့ အဖွဲ့က ဖျက်ဆီးခံလိုက်ရပြီ… အဲဒီနောက်မှာ သူက ကံကောင်းလွန်းတဲ့ အခြေအနေအချို့ကို တွေ့ကြုံခဲ့ရတာပဲ ဖြစ်လိမ့်မယ်… ဒါကြောင့် သူက လက်ရှိခွန်အားကို ရရှိနိုင်ခဲ့တာပဲ….."

ကံကြမ္မာက အသွားနှစ်ဖက်ပါသော ဓားတစ်လက် ဖြစ်နိူင်ပေသည်။ မူလတွင် နာမည်ကျော်ကြားခြင်းမရှိသော လူဟုန်က ဤတစ်ကြိမ်တည်းဖြင့် နာမည်ကျော်ကြားလာခဲ့ပြီဖြစ်၏။ သူ၏သမိုင်းကို အလွန်မြန်ဆန်စွာ တူးဖော်ခြင်း ခံလိုက်ရပေသည်။

အဖွဲ့သုံးဖွဲ့က ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများကို ရွေးချယ်ခဲ့သည်မှာ သာမန်ကာလျှံကာ ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ သူတို့က ဤသိုင်းပညာရှင်များအပေါ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အတိတ်ကိုပါ ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အဖွဲ့ကြီးသုံးဖွဲ့၏ တပည့်ခေါင်းဆောင်များကို နှစ်ကြိမ်တိုင်တိုင် အသာစီးရယူခဲ့ခြင်းက သူ့ကို လူတိုင်း၏ အာရုံစိုက်ပြောစရာ ဖြစ်လာစေခဲ့သည်။

တစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်သည်ဟူ၍ ပြောနိုင်ပေ၏။ အကယ်၍ နှစ်ကြိမ်မြောက်ဆိုလျှင် ထိုအရာက တိုက်ဆိုင်မှု သို့မဟုတ် ကံတရားဟူ၍ ပြောဆိုရန် မဖြစ်နိုင်ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now