Chapter 478

1.5K 161 5
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(37)

Chapter-6

(လျှို့ဝှက်ဆန်းကြယ်သောဧည့်သည်)

"ယီယွမ်က တောင်ပိုင်းကုန်းမြေတစ်ခုလုံးရဲ့ ဆုတ်ယုတ်မှုကို သူ့ရဲ့ ခွန်အားတစ်ခုတည်းနဲ့ ခုခံကာကွယ်နေခဲ့တာလား… ဘယ်လောက်တောင် နတ်ဘုရားဆန်လိုက်တဲ့ အောင်မြင်မှုလဲ….."

မိုယုထန်၏ ရှင်းပြချက်ကိုကြားသော် ကောင်းကင်မေပယ်က နှလုံးသားထဲတွင် လေးစားမှုကို ခံစားလိုက်ရပေသည်။

ယီယွမ်၏ အရည်အချင်းက အလွန်မြင့်မားကြောင်း သူသိထား၏။ သို့သော် ထိုသို့ အဆင့်အထိ အမှန်တကယ် မြင့်မားသွားနိုင်မည်ဟု သူလုံးဝ တွေးမထားခဲ့ပေ။

ကောင်းကင်မေပယ်နှင့် ကျန်လူအားလုံးက ခရမ်းနုရောင်စံအိမ်အဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ကြရ၍ တောင်ပိုင်းကုန်းမြေက လုံးဝပင် အဆုံးသတ်သွားခဲ့ပြီဟု သူတို့အားလုံးက ထင်လိုက်ကြသည်။

တောင်ကုန်းတောင်တန်းများ တစ်လျှောက်လုံး ထိုလမ်းများရှိနေခဲ့ပြီး ကိစ္စများက ပို၍ကောင်းမွန်လာခဲ့မည်ဟု မည်သူက သိနိုင်ခဲ့မည်နည်း။ စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ယီယွမ်က ခရမ်းနုရောင်စံအိမ်အဖွဲ့ကို သုံးကြိမ်တိုင်တိုင် တစ်ဆက်တည်း ဖိအားပေး နှင်ထုတ်နိုင်ခဲ့ပေ၏။

"ဟုတ်ပါတယ်… ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာ မဟုတ်ဘူးဆိုရင် ကျွန်တော်ကလည်း အဲဒါကို ယုံကြည်ရဲမှာ မဟုတ်ပါဘူး….." မိုယုထန် ကိုယ်တိုင်က ခံစားချက်အပြည့်ဖြင့် ထိုစကားကို ပြောဆိုလိုက်သည်။

ဤအချိန်တွင် ကောင်းကင်မေပယ်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ပြောဆိုခဲ့ပေသည်။ "ယုထန်… ငါတို့က ထျန်းယွီကို ဘာလို့မတွေ့ရတာလဲ….."

သူ၏စကားအဆုံးတွင် ထျန်းယွီက ထိုနေရာသို့ ရုတ်တရက် ရောက်လာခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။ "အဖိုး….."

ယီယွမ်၏ ရိုက်နှက်မှုက ပြင်းထန်ခြင်းမရှိပေ။ ဤအချိန်တွင် ထျန်းယွီက နိုးထလာခဲ့ခြင်းသာ ဖြစ်သည်။ ယီယွမ်က လူတိုင်းကို ကယ်ဆယ်ခဲ့ကြောင်း ကြားလိုက်ရသော် သူက ဤနေရာသို့ အရူးအမူး ပြေးလွှားလာခဲ့ခြင်း ဖြစ်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now