Chapter 483

1.1K 145 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(37)

Chapter-12

(အဲဒီလူငယ်လေးက မရိုးရှင်းဘူး)

"မင်း… ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်လေးတစ်ယောက် အတွက်နဲ့ မင်းက စီနီယာအစ်ကိုကြီးကို တကယ် ဖမ်းဆီးရဲတယ်လား….."

လီကျွင်းကျဲက ယုံကြည်ရန်ခက်ခဲနေခဲ့သည်။ ဤယီယွမ်က အသင်္ချေဓားအဖွဲ့ကို ဆန့်ကျင်နေသော အနေအထားကို ပြုမူနေခဲ့၏။

ဤအရာက အကြောင်းပြချက်ဖြင့် ရှင်းပြ၍ရနိုင်သော အရာတစ်ခု မဟုတ်ပေ။

အသင်္ချေဓားအဖွဲ့ကို ရန်စစော်ကားရဲသော လူတစ်ယောက် အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

ချင်ယန်း၏ အသင်္ချေဓားအဖွဲ့၌ အရေးပါမှုကို ပြောနေစရာပင်မလိုအပ်ပေ။ အကယ်၍ ငြိမ်သက်တိမ်တိုက်အဖွဲ့ကသာ ချင်ယန်း၏ ဆံပင်တစ်ပင်ကို ထိခဲ့မည်ဆိုလျှင်ပင် ကြီးမားသောအပြစ်ဒဏ်တစ်ခုကို မလွဲမသွေ ကြုံတွေ့ရပေလိမ့်မည်။

ဒီကောင်လေးက ဆေးမှားစားထားတာလား…..

အင်း… ကြည့်ရတာ သူက အန္တရာယ်ပေးနိုင်လာပြီပဲ…..

ယီယွမ်က အေးစက်စွာပင် ပြောဆိုလိုက်၏။ "ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်လေး တစ်ယောက်ဟုတ်လား… မင်းတို့ကလည်း ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် အဆင့်တွေပဲ မဟုတ်ဘူးလား… ပြီးတော့… မင်းတို့ရဲ့ စီနီယာအစ်ကိုကြီးက မင်းတို့ရဲ့မျက်လုံးထဲမှာ အရေးပါကောင်းပါနေလိမ့်မယ်… ငါ့မျက်စိထဲမှာတော့ အမှိုက်တစ်စပဲ… အကြီးအကဲမိန်ရဲ့အသက်က သူ့ထက် အများကြီး အရေးပါတယ်….."

ထိုသို့ပြောရင်း ယီယွမ်၏ အော်ရာက ထွက်ပေါ်လာခဲ့ရာ လီကျွင်းကျဲနှင့် ကူထျန်းယိုတို့က ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။

ယီယွမ်၏ မျက်စိထဲတွင် ဤငနဲများက လူတိုင်းအပေါ် အထင်သေးအမြင်သေး ဆက်ဆံကြသောသူများ ဖြစ်၏။

သူတို့၏ရှေ့တွင် မိန်ကျန်းက မည်သည့်အဆင့်မှမရှိပေ။ သို့သော် ယီယွမ်အတွက်မူ မိန်ကျန်းက အလွန်အရေးပါသော စီနီယာတစ်ယောက် ဖြစ်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now