Chapter 570

1.1K 115 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(44)

Chapter-1

(စာလုံးကိုးခု အစစ်အမှန်လောကကျမ်း)

အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့၏။

ယီယွမ်က ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကို အနှောင့်အယှက် မပေးခဲ့ပေ။ သူက တိတ်ဆိတ်စွာဖြင့်သာ စောင့်ဆိုင်းနေခဲ့သည်။

ရုတ်တရက်ပင် အလင်းတန်းများစွာက ကောင်းကင်မှဆင်းသက်လာခဲ့၏။ တံဆိပ်တော်သုံးခုက ယီယွမ်၏ရှေ့၌ တိတ်ဆိတ်စွာ ဝဲပျံနေခဲ့သည်။

"ဒါကမင်းရဲ့ဆုကြေးပဲ… ဟင်းလင်းပြင်လွတ်မြောက်မှု မိုးကြိုးပေါက်ကွဲခြင်းတံဆိပ်တော် သုံးခု… ဟင်းလင်းပြင်လွတ်မြောက်မှု မိုးကြိုးပေါက်ကွဲခြင်းတံဆိပ်တော် တစ်ခုချင်းစီက အထွတ်အထိပ်အဆင့် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားကုန်တိုက်ခိုက်မှုနဲ့ တူညီတယ်… ပြီးတော့ သိုင်းပညာတစ်ခုလည်း ပါဝင်တယ်… မင်းက အခု မင်းရဲ့အသိစိတ်ပင်လယ်ကို ဖွင့်ထားလိုက်… ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားက အဲဒါကို မင်းရဲ့ အသိစိတ်ပင်လယ်အတွင်းမှာ ထည့်သွင်းပေးလိမ့်မယ်… မင်းက အဲဒီပညာရပ်ကို ဖြည်းဖြည်းချင်း ဆင်ခြင်သုံးသပ်လို့ရတယ်….." လျှို့ဝှက်ပုဂ္ဂိုလ်က အချိန်အတော်ကြာ တိတ်ဆိတ်ပြီးမှ ပြောဆိုလိုက်၏။

ဟင်းလင်းပြင်လွတ်မြောက်မှု မိုးကြိုးပေါက်ကွဲခြင်းတံဆိပ်တော် သုံးခုကို မြင်သော် ယီယွမ်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

ဒါက ကောင်းမွန်တဲ့ ပစ္စည်းပဲ… တကယ်လို့ ကောင်းကောင်းအသုံးပြုနိုင်ရင် အဲဒါက အထွတ်အထိပ်အဆင့် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကိုတောင် သတ်ဖြတ်နိုင်လိမ့်မယ်…..

ထိုသို့သော တံဆိပ်တော်တစ်ခုက အဆုံးမဲ့ကမ္ဘာကြီးတွင် ကောင်းကင်၏အလိုကို ဆန့်ကျင်နေသော ရတနာအမျိုးအစားတစ်ခု ဖြစ်နေမည်မှာ သေချာပေ၏။

ယီယွမ်၏ တံဆိပ်တော်များကို လေ့လာမှုက များပြားခြင်းမရှိပေ။ သို့သော် ဤကဲ့သို့ တစ်ကြိမ်သုံး တိုက်ခိုက်မှုတံဆိပ်တော်မျိုးက အလွန့်အလွန် တန်ဖိုးကြီးမားသည်ကို သိရှိပေသည်။ ထိုအရာက အလွန့်အလွန် အစွမ်းထက်သော သိုင်းပညာရပ်တစ်ခုကို သိမ်းဆည်းထားသည်နှင့် တူညီ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Hikayelerin yaşadığı yer. Şimdi keşfedin