Chapter 520

1.1K 131 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(40)

Chapter-7

(ပုဂ္ဂိုလ်ကြီးများကို သတိပေးလိုက်ခြင်း)

"ဘာ… သူက မေးခွန်းနံပါတ် ၁၂၅ကို ဆက်ပြီးစိန်ခေါ်ချင်နေတာလား….."

"ဒီနေ့က တကယ် မျက်စိပွင့်ရတာပဲ… ငါတို့ရဲ့ အဆုံးမဲ့ကမ္ဘာကြီးမှာ ကောင်းကင်ရဲ့အလိုကို ဆန့်ကျင်နေတဲ့ ဂျူနီယာတစ်ယောက်က ဘယ်အချိန်တုန်းက ထွက်ပေါ်လာခဲ့တာလဲ….."

"ဟီးဟီး… ဂျူနီယာဟုတ်လား… မင်းရဲ့ မှော်ဆေးပညာ အဆင့်အတန်းက သူ့ဖိနပ်ကို ကိုင်ပေးဖို့တောင် အဆင့်မမီဘူးလေ… ဟုတ်တယ်မလား….."

“. . . . . .”

ယီယွမ်က သဘာဝစွမ်းအင်ကို အသုံးပြု၍ သိုလှောင်လက်စွပ်ကို အသာအယာ ဖမ်းယူလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်က သူ၏လက်အတွင်းသို့ ရောက်ရှိသွားခဲ့၏။

"လင်အာမိန်းကလေးက သိုင်းပညာရပ်ကို လေ့ကျင့်တဲ့ လူတစ်ယောက်လေ… ဘာလို့ လင်အာမိန်းကလေးက သိုလှောင်လက်စွပ် တစ်ကွင်းကို လက်ထဲမှာ မြဲနေအောင် မကိုင်နိုင်ရတာလဲ….." ယီယွမ်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ကျွန်မ… ကျွန်မ….."

ယီယွမ်၏ စွမ်းဆောင်ရည်ကြောင့် လင်အာက ထိတ်လန့်တုန်လှုပ်နေခဲ့ပြီးဖြစ်၏။ ယီယွမ်က လက်ရှိအချိန်၌ ဆက်လက်စိန်ခေါ်လိုသည်ကို ကြားလိုက်သောအခါ သူမက သူမ၏ နှလုံးသားထဲ၌ ခါးခါးသီးသီး ငိုကြွေးမိနေခဲ့ပြီဖြစ်သည်။

ဆက်ပြီးတော့ စိန်ခေါ်ချင်သေးတာလား… ဒီတစ်ကြိမ်တော့ ငါ့ကို တတိယသခင်လေးက အသေရိုက်သတ်တော့မှာပဲ…..

ချောင်ဖန့်က ယီယွမ်၏ စကားများကိုကြားသော် သူ၏မျက်နှာအမူအရာက ပုံမှန်မဟုတ်သည်အထိ ပြောင်းလဲသွားခဲ့၏။

ထိုအချိန်၌ ယီယွမ်က သူ့အား ဟာသလုပ်နေခြင်းမဟုတ်ကြောင်း နောက်ဆုံးတွင် အတည်ပြုသွားနိုင်ခဲ့ပြီဖြစ်သည်။

ဤကောင်လေးက ချောင်မိသားစု၏ ထုတ်ပေးနိုင်သော သဘာဝသလင်းတုံးများကို အလုံးစုံပိုင်ဆိုင်အောင် လုပ်ဆောင်လိုနေခြင်းဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now