Chapter 598

1.1K 131 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(46)

Chapter-1

(ခွက်ခွက်လန်အောင် ရှုံးနိမ့်ခြင်း)

ဝူဖန့်မြို့က လက်ရှိအချိန်၌ အဆုံးမဲ့မဟာမိတ်အဖွဲ့၏ ဌာနချုပ်ဖြစ်သည်။ ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားမှ ပြန်လာခဲ့ပြီးနောက် အမျိုးမျိုးသော အဖွဲ့များ၏ ခေါင်းဆောင်များက ဤနေရာတွင်စုစည်း၍ အဆုံးမဲ့မဟာမိတ်အဖွဲ့ သိုင်းပညာရှင်များကို စုစည်းခဲ့၏။

လက်ရှိအချိန်၌ မြို့ပိုင်အရှင်သခင်ဂေဟာ
အတွင်း၌ လုံးဝပင်ရှုပ်ထွေးနေခဲ့ကြသည်။

"မင်းတို့ မီးတောက်နက်အဖွဲ့သားတွေ အားလုံးက ဝက်တွေပဲလား… ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ လူအရေအတွက်က မင်းတို့အဖွဲ့ရဲ့ အင်အားတစ်ဝက်ပဲရှိတာကို မင်းတို့ကောင်တွေက သုံးရက်တောင် မခုခံနိုင်ခဲ့ဘူးပေါ့….."

"ကြီးကြီးကျယ်ကျယ် စကားတွေလာမပြောနဲ့… မင်းတို့ ကောင်းကင်ဘုံသိမ်းငှက်အဖွဲ့က အံ့မခန်း အစွမ်းထက်သလို ပြောမနေစမ်းနဲ့… မင်းတို့က ငါတို့ထက် တစ်ရက်ပိုပြီး ​တောင့်ခံနိုင်ခဲ့ရုံပဲမလား….."

"တစ်ရက်ပိုပြီး ခုခံနိုင်တာကလည်း ခုခံနိုင်တာပဲလေ… အဲဒီတစ်ရက်အတွက် ငါတို့ ကောင်းကင်ဘုံသိမ်းငှက်အဖွဲ့က လူတွေဘယ်လောက်များများ သေဆုံးခဲ့ရတယ်ဆိုတာ မင်းသိလို့လား… မင်းတို့ မီးတောက်နက်အဖွဲ့နဲ့ မတူတာကတော့ မင်းတို့တွေက အခြေအနေဆိုးနေတာကို မြင်လိုက်တာနဲ့ ချက်ချင်းဆုတ်ပြေးလာခဲ့တာပဲ….."

"ထွီ… ဘယ်သူက ချက်ချင်းဆုတ်ခွာခဲ့လို့လဲ… ဒီတစ်ကြိမ် တိုက်ပွဲကြီးမှာ ငါတို့အဖွဲ့က အကြီးအကဲတွေ အများကြီး သေဆုံးခဲ့ရတဲ့အပြင် ငါတို့ရဲ့ဆုံးရှုံးမှုက တော်တော်ကြီးတယ်… မင်းက မဟုတ်တာတွေ ထပ်ပြောနေမယ်ဆိုရင် ဒီအဖိုးကြီးက မင်းနဲ့ စာရင်းရှင်းရလိမ့်မယ်….."

အခြားအဖွဲ့ခေါင်းဆောင်က စကားပြန်ပြောမည့်အချိန်၌ အစောကြီးကတည်းက စောင့်ကြည့်နေခဲ့သော ချင်ဟုန်ထောင်က ဒေါသတကြီး အော်ဟစ်လိုက်၏။ "မင်းတို့ပါးစပ်တွေ ပိတ်ထားကြစမ်း… ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ လမ်းငါးသွယ်မဟာစစ်တပ်က တဖြည်းဖြည်းနဲ့ သွေးနီအလင်းတန်းမြို့ကို ရောက်ရှိလာတော့မယ်… သွေးနီအလင်းတန်းမြို့ ကျဆုံးသွားတာနဲ့ အဲဒါက နယ်မြေတစ်ခု ဆုံးရှုံးသွားရုံတင်မကဘူး… ငါတို့ အဆုံးမဲ့မဟာမိတ်အဖွဲ့ကြီးအတွက် အရှက်ရစရာ ကိစ္စတစ်ခုပဲ… မင်းတို့က ဒီနေရာမှာ တစ်ယောက်နဲ့တစ်ယောက် ကိုက်နေကြသေးတယ်ပေါ့….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-3)Where stories live. Discover now